Posts

Showing posts from July, 2026

Kaprekar's Constant အပျင်းပြေ ဂဏန်း သင်္ချာ

 သင်္ချာ ကြောက်သူတွေ မကြောက်ရအောင် အပျင်းပြေ ဂဏန်း  သင်္ချာ  ဘယ်လိုတွက်တွက် ၆၁၇၄ ထွက်ပြေးလို့ မရဘူး  သင်္ချာလောကရဲ့ အံ့ဖွယ်လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ "၆၁၇၄" (Kaprekar's Constant) နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းကြောင်းနဲ့ တွက်ချက်ပုံ နည်းလမ်းကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ် ✨ 👨‍🏫 ဘယ်သူက စတင်တွေ့ရှိခဲ့တာလဲ? ဒီထူးဆန်းတဲ့ ကိန်းသေကို ၁၉၄၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံသား အလယ်တန်း သင်္ချာဆရာကြီး ဒီအာရ် ကပ္ပရေကာ (D.R. Kaprekar) က စတင်တွက်ချက် ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပုံမှန် သင်္ချာဆရာတစ်ဦးဖြစ်ပေမယ့် ဂဏန်းတွေကို ကစားရတာ၊ ဂဏန်းတွေရဲ့ ထူးခြားတဲ့ သဘာဝကို လေ့လာရတာကို ရူးသွပ်သူတစ်ဦးပါ။ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ သင်္ချာညီလာခံတစ်ခုမှာ သူ ရှာဖွေတွေ့ရှိထားတဲ့ ဒီ "၆၁၇၄" အကြောင်းကို စတင်ချပြခဲ့စဉ်တုန်းက တခြားသင်္ချာပညာရှင်တွေက သိပ်ပြီး အရေးမစိုက်ခဲ့ကြပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကမ္ဘာကျော် သင်္ချာစာရေးဆရာ မာတင် ဂါဒ်နာ (Martin Gardner) က သိပ္ပံမဂ္ဂဇင်းတစ်ခုမှာ ဒီအကြောင်းကို ထည့်သွင်းရေးသားရာကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းလုံးမှာ ဟိုးလေးတကျော်...

ဗူးရိုးနှင့်အမြုံ မြေလတ်-ကိုကိုစိုး သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ

Image
  🌟 ဗူးရိုးနှင့အမြုံ 🌟 မြေလတ်-ကိုကိုစိုး သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ ကိုကျော်ဆင့်နှင့် မသန်းလှတို့ လင်မယား ပေါင်းသင်းလာကြသည်မှာ ၄-၅ နှစ် ရှိပေပြီ။ သို့သော် ကလေးဆို၍ တယောက်မှ မရသေးချေ။ မိန်းမကလည်း ကလေးသိပ်လိုချင်သည်။ ဒီတော့ မိန်းမလုပ်သူက ယောက်ျားကို မကြာခဏ အပြစ်တင်တတ်လေသည်။ တနေ့တွင် ထိုအကြောင်း ပြောဆိုနေရင်း မိန်းမက— “ရှင်ကိုက အသုံးမကျတာ၊ အစွမ်းမရှိဘူး။ ငယ်ငယ်က ဘယ်လောက် အလေလိုက်ခဲ့မှန်းမှ မသိဘဲ။” “ဟာ-ငါလဲ ကြိုးစားတာပဲ၊ နင်လဲ အသိသားနဲ့။ မရတာ ဘယ်တတ်နိုင်မလဲ၊ ကုသိုလ်ပဲပေါ့။” “အို....ဘယ်က ကုသိုလ်ရမှာလဲ။ ရှင်အဖြစ်မရှိလို့ အလကားဗူးရိုးက ကုသိုလ်ပေါ့တဲ့။” “အောင်မာ... ငါဘာမှ မပြောချင်လို့ အသာနားထောင်နေတာ။ ဘာလဲ ငါ့ချည်းအပြစ်ချမနေနဲ့။ နင်က ‘မြုံ’ နေလို့မရတာ၊ ငါကရတယ်။ ဟင်း.... အမြုံမက။” ဒီလို တယောက်ကိုတယောက် အော်ရင်းဟစ်ရင်းဖြင့် ဒေါသကြီးသထက် ကြီးလာကြသည်။ မျက်နှာတွေလဲ ရဲနေကြသည်။ ဒေါသဖြစ်လွန်းလာသဖြင့် ထိန်းနိုင်သိမ်းနိုင်ခြင်းမရှိ ဖြစ်လာကြပြီး ‘ဗူးရိုး’ လို့ အပြောခံရတဲ့ ကိုကျော်ဆင့်က သူ့ဇာတ်ကြောင်းကို လှန်လေတော့သည်။ “ငါက ဗူးရိုးမဟုတ်လို့ အေးရွှေနဲ့တောင် ကလေးတယောက် ရခဲ့သေးတယ်” ဟု ပြောလိုက်ရာ......

လက်စ သတ်တော့ သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ (ဟာသ)

Image
  လက်စ သတ်တော့ သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ သား။ “မေမေရေ ကိန္နရီဆိုတာဘာလဲ” အမေ။ “ကိန္နရီဆိုတာ မိန်းမလှကိုယ်က တပိုင်း၊ ငှက်ကိုယ်က တပိုင်းတွဲနေတယ်၊ အတောင်လဲပါတယ်၊ ပျံလို့လဲရတယ်၊ ဘာ့ကြောင့် ငါ့ကိုမေးသလဲ” သား။ “ဖေဖေက မီးဖိုချောင်ထဲမှာ တောသူ ထမင်းချက် မယ်ထွေးရဲ့ ခါးကလေးကို ဖက်ထားပြီး၊ နင်ဟာကိန္နရီကလေးလိုဘဲလို့ ပြောနေသံကြားလို့ပါ” အမေ။ “လက်စ သတ်တော့ ဒါ့ကြောင့်ကိုး၊ ငါ့သားကလေး မနက်ဖြန်ကျယင်ကြည့် ကိန္နရီမယ်ထွေး တောပျံတာမြင်ရလိမ့်မယ်....”

ရောဂါကိုကုသရန် ဘယ်ကဲ့သို့ တတ်နိုင်သနည်း (အာဟာရနှင့် ကျန်းမာရေး) ရောဂါကိုကုသရန် ဘယ်ကဲ့သို့ တတ်နိုင်သနည်း

Image
  ရောဂါကိုကုသရန် ဘယ်ကဲ့သို့ တတ်နိုင်သနည်း (အာဟာရနှင့် ကျန်းမာရေး) စာရေးသူ - ရွှေဥဒေါင်း လူတို့သည် ရောဂါပျောက်ကင်းမှုအတွက် အထူးထူးအထွေထွေသောနည်းတို့ဖြင့် စုံစမ်းရှာဖွေ၍ အမျိုးမျိုးကုသရန် ကြိုးစားခဲ့ကြ၏။ လက်ဖွဲ့၊ ရေမန်း၊ စေတီလုပ်ခြင်းတို့မှစ၍ သောက်ဆေး၊ လိမ်းဆေး၊ ရှူဆေး စသည်တို့အပြင် ဆေးရုံများ၊ ဆရာဝန်သူနာပြုဆရာမများ၊ လျှပ်စစ်ဓာတ်ဖြင့် ကုနည်းများ၊ အနှိပ်သည်များ၊ ဗိန္ဓောဆရာများ၊ ဓာတ်ဆရာများ၊ ပယောဂဆရာများ စသည်တို့၏ အကူအညီအားဖြင့် ရောဂါပျောက်ကင်းချမ်းသာမှုအတွက် ဆောင်ရွက်ခဲ့ကြ၏။ စင်စစ်သော်ကား ရောဂါကပ်ငြိအောင် ပြုလုပ်သောသူမှာ ထိုရောဂါသည်ပင်ဖြစ်၍ မိမိ၏ရောဂါကို မိမိကုသမသာလျှင် ပျောက်ကင်းချမ်းသာနိုင်ဖို့ရှိ၏။ ဆိုလိုရင်းကား အကြင်သူတယောက်သည် မှားယွင်းသောနည်းတို့ဖြင့် စားသောက်နေထိုင်လာခဲ့သည်ဖြစ်သောကြောင့် ရောဂါစွဲကပ်ရခြင်းဖြစ်လေရာ ထိုမှားယွင်းသော နည်းတို့ကို ပြုပြင်ပေးခြင်းသည်သာလျှင် ထိုရောဂါပျောက်ကင်းစေသော နည်းလမ်းဖြစ်၏။ ရုပ်တရားကို ဖြစ်စေ၊ နာမ်တရားကိုဖြစ်စေ၊ ကောင်းမွန်စွာပြင်ဆင်ပေးရမည့် သူမှာ အခြားသူမဟုတ်၊ ကာယကံရှင် ကိုယ်တိုင်သာ ဖြစ်ချေ၏။ လောကုတ္တရာဘက်တွင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကိုရအောင် အားထုတ်...

မူမူ့ အတွက် ဇါတ်လမ်း တကွက် ရေကျော်မောင်မောင် ရေးသည် သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ

Image
  မူမူ့ အတွက် ဇါတ်လမ်း တကွက်   ရေကျော်မောင်မောင် ရေးသည် သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ   ဂျပန်ခေတ် အင်းလျားကန်စောင်းတွင် ဂျပန် စစ်စခန်းများ ချထားစဉ်ကဖြစ်ပါသည်။ ထိုစဉ်က အင်းလျား ကန်စောင်းတလျှောက်ကို ဂျပန်စစ်သားများ လေ့ကျင့်ရေး စခန်းများအဖြစ် အသုံးပြုလေ့ရှိသည့် အခိုက် ဖြစ်ပါသည်။ ကျွန်တော်တို့ လူစုမှာလည်း ဂျပန် စစ်တပ်တွင်းဝင်၍ အမှုထမ်းကာ စစ်လေ့ကျင့်ခန်း အမျိုးမျိုး ယူခဲ့ရစဉ်ကမမေ့နိုင်သော ဖြစ်စဉ်ကလေးတခုကား ယခုထက်တိုင် မှတ်မိပါသေးသည်။ နေပူပူတနေ့တွင် ဂျပန်အမျိုးသမီးတပ်ဖွဲ့ဝင် (ယခုခေတ်အခေါ်-စစ်သမီး) နှစ်ဦးတို့သည် အင်းလျားကန်စောင်း (ယခုအင်းလျား ဟော်တယ်ကြီးတည်ရှိရာ) တွင် အနားယူနေပြီး ပူအိုက်လှသော နေပူရှိန်ဒဏ်ကို မခံနိုင်သည့်အလား၊ တကိုယ်လုံးတွင် ဝတ်ဆင်ထားသော စစ်ဝတ်တန်ဆာ ကပ္ပလာအားလုံးကို တဖြည်းဖြည်းခွာလို၍ အနားပတ်လည် ဟိုဟိုဒီဒီ ကြည့်ပြီး လူသူလေးပါးကိုလုံးဝမမြင်ရသောအခါ- ၎င်းတို့ဝတ်ဆင်ထားသော ယူနီဖောင်းအားလုံးကို ချုံအကွယ်တခုတွင် ချွတ်လေတော့၏။ ချွတ်ပြီးအဝတ်ကို နီးရာချုံတခုစီပေါ်တွင် တင်သားခဲ့ကာ အင်းလျားရေပြင်တွင်းသို့ အသာဆင်းကာ ရေကစားတော့၏။ မရွှေချောကလေး ၂-ဦးမှာ ရေဝအောင်ချိုးပြီး နာ...