လက်စ သတ်တော့ သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ (ဟာသ)
လက်စ သတ်တော့
သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ
သား။ “မေမေရေ ကိန္နရီဆိုတာဘာလဲ”
အမေ။ “ကိန္နရီဆိုတာ မိန်းမလှကိုယ်က တပိုင်း၊ ငှက်ကိုယ်က တပိုင်းတွဲနေတယ်၊ အတောင်လဲပါတယ်၊ ပျံလို့လဲရတယ်၊ ဘာ့ကြောင့် ငါ့ကိုမေးသလဲ”
သား။ “ဖေဖေက မီးဖိုချောင်ထဲမှာ တောသူ ထမင်းချက် မယ်ထွေးရဲ့ ခါးကလေးကို ဖက်ထားပြီး၊ နင်ဟာကိန္နရီကလေးလိုဘဲလို့ ပြောနေသံကြားလို့ပါ”
အမေ။ “လက်စ သတ်တော့ ဒါ့ကြောင့်ကိုး၊ ငါ့သားကလေး မနက်ဖြန်ကျယင်ကြည့် ကိန္နရီမယ်ထွေး တောပျံတာမြင်ရလိမ့်မယ်....”
Comments
Post a Comment