ခွေးဝဲစား (The Mangy Dog) Juan Ramón Jiménez (From "Platero and I") ဇော်ဂျီ (ဘာသာပြန်သည်) သောင်းပြောင်းထွေလာ ၁၉၈၄ သြဂုတ်

 




ကမ္ဘာကျော် နိုဗဲလ်စာပေဆုရ စပိန်လူမျိုးကဗျာဆရာ ဂျင်မန်၏
နောက်ထပ်ကဗျာတစ်ပုဒ်
ဇော်ဂျီ (ဘာသာပြန်သည်)
သောင်းပြောင်းထွေလာ ၁၉၈၄ သြဂုတ်
ခွေးဝဲစား (The Mangy Dog)


[ဤကဗျာတွင် ကဗျာဖွဲ့နိုင်စရာ အကြောင်းမရှိဟု ထင်ရသော ခွေးဝဲစားအကြောင်းကို သနားစရာကဗျာ ဖြစ်အောင် ဂျင်မန် ဖွဲ့တတ်ပေသည်ဟု ချီးကျူးကြပါသည်။ စပိန်နိုင်ငံတွင် တိရစ္ဆာန်များအပေါ်၌ အစဉ်အလာအားဖြင့် ကရုဏာသဘောထား ခေါင်းပါးပါသည်ဟု အဆိုရှိကြပါသည်။ ဂျင်မန်ကား ထိုသို့မဟုတ် သဘာဝတိုင်းကို အယုတ်အလတ် အမြတ်မရွေး လေးစား ချစ်ခင်တတ်သူ ဖြစ်သည်ဟု သိရပါသည်။]


ခြံထဲရှိ ကျွန်တော့်အိမ်သို့ သူ တခါတရံ ရောက်လာတတ်ပါသည်။ အစဉ်မောဟိုက်နေသော ခွေးပိန် ခွေးဝဲစားပါ။ အငေါက်ခံရဖန်များသောကြောင့် ပေလားမသိ။ ခဲအပေါက်ခံရဖန်များသောကြောင့် ပေလားမသိ။ သူ့ကို ကြည့်လိုက်တိုင်း ပြေးလွှားနေရသည်ကိုသာ ကျွန်တော် မြင်ပါသည်။ သူတို့ ခွေးအချင်းချင်း ကပင် သူ့ကို မညှာကြပါ။ သူတို့ အနားသို့ ထိုခွေးကပ်လာလျှင်၊ သူတို့၏ အစွယ်အသွားတို့ကို ဖော်လျက် သူ့ကို ဆွဲကိုက်တော့မည် ပြုပါသည်။ သူရှောင်သွားရှာပါသည်။ ဤခွေး၊ နေ့လယ် နေပူကျဲကျဲတွင် ထိုခွေးဝဲ စားသည် တောင်ကုန်းခြေရင်းသို့ သနားစရာ ဆင်းသွားပါသည်။


ထိုနေ့ ညနေခင်းမှာပင် ထိုခွေးဝဲစားသည် ကျွန်တော်၏ ခြံသို့ရောက်လာပါသည်။ ကျွန်တော်၏ ခွေးကလေး ခိုင်ယာနာ နောက်မှ နောက်ယောင်ခံ၍ လိုက်လာခြင်း ဖြစ်သည်။ ခြံစောင့်သည် သူ့ကို မြင်လိုက် သောအခါ ရုတ်တရက် သူ့အမဲလိုက်သေနတ်ကို ထုတ်လျက် ခွေးဝဲစားကို ပစ်သတ်လိုက်သည်။ ကျွန်တော် အိမ်ထဲမှ ထွက်လာစဉ်မှာပင် ပစ်သတ်လိုက်သည်။ ကျွန်တော့်မှာ တားချိန်ပင် မရလိုက်ပါ။ သေနတ်မှန်သော ခွေးဝဲစားသည် တခဏမျှ ဒယိမ်းဒယိုင် ဖြစ်၍၊ သနားစရာ အူပါသည်။ ထို့နောက် ရှားပင် အောက်၌ ပုံလဲ၍ အသက်ထွက်သွားရသည်။


ကျွန်တော်မြည်းကလေး ပလေတရိုသည် ခေါင်းထောင်၍ ခွေးဝဲစားကို ကြည့်ပါသည်။ ခွေးကလေး ဒိုင်ယာနာသည် သူ့ ကြောက်စိတ်ကို ဖုံးဖိနေဘိသကဲ့သို့ တောင်ပြေးမြောက်ပြေး ယောက်ယက်ခတ် ပြေးနေသည်။ ခြံစောင့်သည် စိတ်မကောင်းဖြစ်၍ နောင်တရပုံ ပေါက်ပါသည်။ သို့သော်လည်း ခွေးဝဲစား အပေါ် အပြစ်ပုံချ၍ တဖျစ်တောက်တောက် ရေရွတ်နေသည်။ စိတ်သက်သာရာရအောင် သူ ပြုနေခြင်းဖြစ်ပါ လိမ့်မည်။ သို့ရာတွင် စိတ်သက်သာရာပုံ မပေါ်ပါ။


အသက်ခံလိုက်ရသော ခွေးဝဲစားသည် မျက်စိများပြာ၍ အလင်းမမြင် ဖြစ်လာသကဲ့သို့ နေညိုညိုသည် လည်း ကြေကွဲသည့် အထိမ်းအမှတ်ဖြင့် ကွယ်သွားပါလေသတည်း။



ဇော်ဂျီ


Original Note 


Script: The Mangy Dog

Author: Juan Ramón Jiménez (From "Platero and I")


Tone: Somber, reflective, and poignant


[Introductory Note]

He wrote a masterpiece of prose poetry called Platero and I, which details his life in Andalusia with his beloved silver donkey, Platero. Chapter 27 of that book is explicitly titled "The Mangy Dog." Unlike Neruda's poem, Jiménez's piece is a short, heartbreaking story about the casual cruelty of the world.


[Narration]

He used to come... sometimes... skinny and panting... to the house in the orchard. 


The poor creature was always fleeing... accustomed to shouts and thrown stones. Even the other dogs would bare their fangs at him. 


And so... he would leave again... under the midday sun... slow and sad... down the hill. 


That afternoon, he arrived following behind Diana. 


As I was going out, the keeper—who in a flash of a cruel heart had pulled out his shotgun—fired at him. 


I had no time to prevent it. 


The wretched dog... with the shot in his entrails... spun around dizzily for a moment in a single, sharp, circular howl... 


...and fell dead under an acacia tree. 


Platero looked fixedly at the dog, his head held high. 


Diana... terrified... went hiding from one person to another.


[Outro / Concluding Thought]

Jiménez used chapters like this to inject a harsh, realistic look at human cruelty and violence toward animals, contrasting it beautifully against the innocent bond he shared with his donkey, Platero.

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်