ရေးသူ– “ ဖျာပုံ-ဘိုးစကြာ ” မြန်မာနိုင်ငံတော် ပညာသတင်းစာ (၁၉၃၆ ခုနှစ် ဇွန်လ)

 



တေးကဗျာ။

“ ဗျိုင်းကလေး ”


၁။ ဗျိုင်းကလေး၊ လည်တန်ရှေ။

ကမ်းစပ်နားမှာနေ။

သူနေပေမဲ့အလကား။

ငါးတွေရှောင်လို့သွား။


၂။ ဗျိုင်းကလေး၊ ဖြူပြာပြာ။

ရေစပ်ထဲကိုလာ။

သူလာပေမဲ့ အလကား။

ငါးတွေ ငုပ်လို့သွား။


၃။ ဗျိုင်းကလေး၊ ငိုင်တိုင်တိုင်။

မြစ်ကမ်းပေါ်မှာထိုင်။

သူထိုင်ပေလို့၊ ရေစပ်နား။

ငါးတွေ ပွက်လို့သွား။


၄။ ဗျိုင်းကလေး၊ လည်တန်ပေါ်။

ကမ်းစပ် ဆင်းပြန်သော်။

သူမျှော်ပေမဲ့၊ အလွန်ဝေး။

ပွက်တဲ့ ငါးတွေပြေး။


၅။ ဗျိုင်းကလေး၊ ကြိုးစားရှာ။

စိတ်ပျက်လှပြီသာ။

ကိုတံငါ ကွန်သံပေး။

ထလို့ပျံပေါ့ လေး။ အဝေး။


ရေးသူ– “ ဖျာပုံ-ဘိုးစကြာ ”

ဆရာကြီး၊ ဦးဘိုးငွေကျောင်း၊ ဖျာပုံမြို့။






“ လူကလေး ”


၁။ လူကလေး၊ ညိုတိုတို။

သစ်ပင်အောက်မှာငို။


သူငိုသံမို၊ တခါကြား။

သူ့မေမုန့်ဝယ်သွား။


၂။ လူကလေး၊ မျက်နှာကြည်။

မုန့်ကိုရလို့ရီ။

သူရီသံမို၊ တခါကြား။

ကျီးတွေ ဝိုင်းလို့ထား။


၃။ လူကလေး၊ မျက်နှာညို။

ကျီးတွေထိုးလို့ငို။

သူငိုသံမို၊ စိတ်မကောင်း။

သူ့မေထွက်လို့မောင်း။


၄။ လူကလေး၊ ဟန်ပါပါ၊

လေးနဲ့၊ လိုက်ပစ်တာ။

ကိုယ့်ထိပ်သာ၊ မှန်လို့လဲ။

သူ့မေလာလို့တွဲ။


၅။ လူကလေး၊ ခြောက်နှစ်ကျော်။

ကျောင်းကို သွားဘို့တော်။

မုန့်နော် နေ့စဥ်ပေး။

ကျောင်းကို သွားမယ်လေး။


ရေးသူ– “ ဖျာပုံ-ဘိုးစကြာ ”

ဆရာကြီး၊ ဦးဘိုးငွေကျောင်း၊ ဖျာပုံမြို့။

မြန်မာနိုင်ငံတော် ပညာသတင်းစာ  (၁၉၃၆ ခုနှစ် ဇွန်လ)







Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်