အဖေ ဘာသာပြန် ကဗျာ
အဖေ
ကျွန်တော် ငယ်ငယ်တုန်းကတော့ အဖေ့မှာ အဖြေအားလုံး ရှိတယ်လို့ ထင်ခဲ့ဖူးတယ်။ အဖေဟာ ဘယ်တော့မှ မမောပန်းတတ်ဘူး၊ ဘယ်တော့မှ မစိုးရိမ်တတ်ဘူး၊ ဘယ်တော့မှ မကြောက်ရွံ့တတ်ဘူးလို့ ထင်ခဲ့မိတာ။
ဒါပေမဲ့ ကြီးပြင်းလာတဲ့အခါမှာတော့ အမှန်တရားတစ်ခုကို သိမြင်လာခဲ့ရတယ်။ အဖေဟာလည်း လူသားတယောက်ပါပဲလားဆိုတာကိုပေါ့။ ကျွန်တော် မမြင်နိုင်တဲ့ တာဝန်ဝတ္တရားတွေကို ပခုံးထမ်းထားရတဲ့ လူသားတယောက်၊ ကျွန်တော်တို့ကို ဘယ်တော့မှ ထုတ်မပြောခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လုပ်ဆောင်ခဲ့သူ၊ ကျွန်တော် အေးအေးချမ်းချမ်း အိပ်စက်နိုင်ဖို့အတွက် သူ့ရဲ့အိပ်စက်ခြင်းတွေကို အနစ်နာခံခဲ့သူ၊ ကျွန်တော် လုံခြုံမှုရှိတယ်လို့ ခံစားရစေဖို့ သူ့ရဲ့ရုန်းကန်လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားခဲ့သူ ဖြစ်ပါတယ်။
အခုဆိုရင် အသက်ကြီးလာလေလေ... အဖေ ဘာမှထုတ်မပြောခဲ့တဲ့ အရာတွေထဲမှာ ဘယ်လောက်တောင်နက်ရှိုင်းတဲ့ မေတ္တာတရားတွေ ဝှက်ကွယ်နေခဲ့သလဲဆိုတာကို ပိုပြီးတော့ နားလည်လာရပါတော့တယ်။
Comments
Post a Comment