ဟာသ သတ္တိ တခိခိ မြောင်းမြ သခင်တင် သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီ ခြင်းဝိုင်း



 ဟာသ သတ္တိ တခိခိ 

မြောင်းမြ သခင်တင် 

သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီ  မှ ကောက်နှုတ် တင်ပြသည် 


အညာ ဒေသရှိ အနောက်ချောင်းရွာ တရွာတွင် ဘုန်းတော်ကြီးကျောင်း တခု ရှိ၏။ ထိုကျောင်းဝင်းအတွင်း မြေတလင်း ကွက်လပ်တွင် အဆိုပါရွာမှ လူငယ်များသည် ညနေတိုင်း ခြင်းလုံး လာခတ်လေ့ ရှိသည်။ ခြင်းခတ်သော အချိန်မှာ လက်ပံပင်များ ဖူးပွင့်သည့်အခါ သမယ ဖြစ်သဖြင့် ညနေတိုင်း ကြက်တူရွေးငှက်များ ပျံလာနားကြ၍ အဖူးအငုံများကို ထိုးဆိတ်စားသုံးပြီး တေးသီ ကြသည်။ တနေ့ ညနေပိုင်း ခြင်းခတ်နေစဉ်... ဝဖိုင့်ဖိုင့် ဗိုက်ရွဲနှင့် ကိုယ်ဟန်ရှိသော ကိုမင်းသိုင်း ဆိုသူမှာ ခါးတောင်းကြိုက်ပြုတ်ပြီး ပုဆိုးစနှင့် ခြေဖျားချိတ်မိ၍ ပုဆိုး ကျွတ်ကျ သွားလေသည်။ ထိုဖြစ်အင်ကို အမှတ်မထင် ရောက်လာသော စာဆို ဉာဏ်ရှိသူ ဦးပဉ္ဇင်းက ပတ်ဝန်းကျင်နှင့် ဆီလျော်သော ခြင်းဝိုင်း သရုပ်ကို နှုတ်ဖြင့် အောက်ပါအတိုင်း ရွတ်ဆို ပေးလိုက်လေသတည်း။


လက်ပံဖူးစို၊ ဘေးသီတဲ့ ရွှေဝဲ။

ငမင်းသိုင်း ခြင်းဝိုင်းတွင် 

ပုဆိုးကျွတ်ကျဘယ်၊ လပြွတ်ကတွဲ။

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်