အကြပ်ကိုင်သူ သလ္လာ-သိန်းဆွေမြင့် သောကြာစာစောင် (၁၉၆၂ ဧပြီလ)

 



အကြပ်ကိုင်သူ

သလ္လာ-သိန်းဆွေမြင့်

သောကြာစာစောင် (၁၉၆၂ ဧပြီလ)

မောင်

------

ခင့်ကိုချစ်ရင်

ပေါ်ပလင်နှင့်

နိုင်လွန်ဂျော်ဂျက်

တိုပရက်ပိတ်


ပရိုကိတ်ဆယ်တင်

နေ့တိုင်းဆင်က

ခင်ပင်မောင့်နား

နောက်အပါးက

တဝါးမကွာ

လိုက်နေမှာရှင့်....။


မောင်

--------

ခင့်ကိုမကြင်

မောင်မဆင်က

ခုပင်ထွက်ကာ

အိမ်ကခွါ၍

ဥစ္စာပေါများ

နောက်ယောကျ်ားနှင့်

ပျော်ပါးကာသာ

နေလိုက်မှာရှင့်

အဟင့်....ဝယ်ပေးရမယ်နော်။


သလ္လာ-သိန်းဆွေမြင့်

သောကြာစာစောင် (၁၉၆၂ ဧပြီလ)

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်