နှောင်းကျန်ခဲ့သော မှတ်တမ်း
နှောင်းကျန်ခဲ့သော မှတ်တမ်း
စာအုပ်တအုပ်ရဲ့ စာမျက်နှာကြားမှာ
ညှပ်ထားတဲ့ ပန်းခြောက်ကလေး တပွင့် ရှိတယ်။
တန်ဖိုးကြီးလွန်းလို့လည်း မဟုတ်ပါဘူး၊
အရေးတကြီး ပစ္စည်းမို့လို့လည်း မဟုတ်ပါဘူး။
ဒါပေမဲ့… အဲဒီပန်းခြောက်လေးကို မြင်လိုက်တိုင်း
ဒါကို စာအုပ်ထဲ ထည့်ထားခဲ့တဲ့
အဲဒီတုန်းက ငါ့ရဲ့ ပုံရိပ်ကို
ငါ ပြန်တွေ့လိုက်ရတယ်။
ဆန်းကြယ်လိုက်တာ…
ရိုးစင်းလှတဲ့ အရာလေးတွေဟာ
အတိတ်ကို ပြန်ခေါ်ဆောင်သွားပေးတဲ့ စက်ယန္တရားတွေ ဖြစ်သွားကြတာ။
အဲဒီအရာတွေက ထူးခြားလွန်းလို့ မဟုတ်ပါဘူး၊
ငါတို့ရဲ့ အတိတ်က အဖြစ်အပျက်တခုဟာ
အဲဒီအရာလေးတွေထဲမှာ
ဖယ်မရအောင် ကျန်ရစ်နေခဲ့လို့ပါပဲ…။
Comments
Post a Comment