သမက်ဒဏ်ခတ်နည်း (ဟာသ)

 



သမက်ဒဏ်ခတ်နည်း (ဟာသ)

လင်မယားနှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ပြီးနောက်... သမီးဖြစ်သူက ဒေါသတကြီးဖြင့် အမေဖြစ်သူထံ ဖုန်းဆက်လေတော့သည်။


သမီး – "အမေ... သမီး ခုနကတင် ကိုအောင်နဲ့ ရန်ဖြစ်လို့။ သူက သမီးကို အမြဲအနိုင်ကျင့်တာ။ သမီး ဒီအိမ်မှာ ဆက်မနေနိုင်တော့ဘူး၊ အမေ့ဆီပဲ ပြန်လာနေတော့မယ်။"


အမေ – "ဟဲ့... အဲဒီလို မလုပ်ရဘူးသမီးရဲ့။ ညည်းက သူ့အိမ်က ဆင်းလာရင် သူက ပျော်နေမှာပေါ့။ နင့်လူက အဲဒီလို ဗိုလ်ကျချင်တိုင်း ကျနေရင် မှတ်လောက်သားလောက်အောင် ဒဏ်ခတ်ရမယ်။"


သမီး – "ဟုတ်လားအမေ... အမေက ဘယ်လိုဒဏ်ခတ်မလို့လဲဟင်?"


အမေ – "မနက်ဖြန်... ငါ နင်တို့အိမ်မှာ လာနေလိုက်မယ်!"

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်