ဟားကြမလား ကနောင်မင်းသား - ရေးသည်။ သောကြာ စာစောင် ၁၉၆၂ မေလ




 ★ ဟားကြမလား ★

ကနောင်မင်းသား - ရေးသည်။

သောကြာ စာစောင် ၁၉၆၂ မေလ

(၁)

"ဒါကွာ.... တောမှာ နေရတာ ဆင်းရဲပါတယ် ဆိုပြီး မြို့က သူငယ်ချင်း ဖိုးသာရွန်းဆီ သွားတယ်"


"ဖေါ်ဖေါ်ရွှေရွှေဘဲလား...."


"ဖေါ်ရွေတာပ မောင်ရယ်။ သူငယ်ချင်းက မတွေ့တာ ကြာပြီဆိုပြီး တခြားသွားပုန်းနေတယ်လေ"


"ဟား.... ဟား.... ဟား"

(၂)

"အေးလေ.... ပုန်းမနေပါဘူး။ ကျွေးလိုက် မွေးလိုက်တာ"


"ဟင်းကောင်းနဲ့လား"


"ပဲဟင်းနဲ့ ချည်းဘဲ...."


"ဟား.... ဟား.... ဟား"

(၃)

"အဲဒီကတဲကစပြီး အခုတော့ ငါ သက်သတ်လွတ် စားနေပြီ မောင်။ သာဓုသာခေါ်ပေတော့"


"ဘာနဲ့ စားသလဲ"


"အရက်နဲ့-ပဲကြီးလှော်"


"ဟား.... ဟား.... ဟား"

(၄)

"ဒါထက် သူငယ်ချင်းရ ငါ့ကို လာခေါ်နေတယ်ကွ။ တလ သုံးထောင် ပေးတယ်။ ဒါပေမဲ့ ငါ သုံးထောင်တော့ နဲပါတယ်၊ လေးထောင်မှ လက်ရှည် တထည်ရပါတယ်လို့ ပြောလိုက်တယ်"


"ဟား.... ဟား.... ဟား"

(၅)

"အခုတော့ အဲဒီမှာ မလုပ်တော့ဘူး။ လေကြောင်း သယ်ယူ ပို့ဆောင်ရေးမှာ လုပ်ပါတယ်"


"ဟ ဘာ လုပ်သလဲ"


"ပဲကြီးလှော် ရောင်းတာပေါ့"


"ဟား... ဟား... ဟား"

(၆)

"အခုတော့ အလုပ် ပြောင်းလိုက်ပြီ။ အကောက်ခွန်ဌာနဘက်ကို"


"ဘာလုပ်ရသတုန်း"


"ဘာလုပ်ရမတုန်း။ နို့ဆီခွက် လိုက်ကောက်တယ်လေ"


"ဟား.... ဟား.... ဟား"


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်