နန်းမတော်မယ်နု ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည် “သူ့ကြွေးရှိရင် ဆပ်ရမှာပဲ မိနု”
နန်းမတော်မယ်နု
“သူ့ကြွေးရှိရင် ဆပ်ရမှာပဲ မိနု”
ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည်
အမရပူရခေတ် သာယာဝတီမင်းလက်ထက်တွင် ဘကြီးတော်မင်း၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုသည် ပုန်ကန်ခြားနားမှုဖြင့် သေဒဏ်အပြစ်ပေးခံရ၏။ အသတ်မခံရမီ အချိန်ပိုင်းကလေးတွင် ဆရာတော်ဦးဗုဓ်ထံ သွားရောက်ပြီး ဖူးမြော်ကန်တော့ခွင့် ရလေသည်။
“တပည့်တော်မ သေပြစ်သေဒဏ် ကျခံရပါပြီ ဆရာတော်အရှင်မြတ်ဘုရား၊ ဆရာတော်ကို ဖူးတွေ့ကန်တော့ချင်လို့ ခဏမျှ ခွင့်ပန်ခဲ့ရပါသည်။ တပည့်တော်မ စိတ်သက်သာခွင့်ရအောင် တရားဟောကြား ချီးမြှင့်တော်မူပါဘုရား” ဟု လျှောက်ထား၏။
ဆရာတော်ဦးဗုဓ်က သူ့စရိုက်အတိုင်း အတိုဆုံးတရားကို ဟောကြားလိုက်လေ၏။
“သူ့ကြွေးရှိရင် ဆပ်ရမှာပဲ မိနု”
Comments
Post a Comment