မရှိတော့တဲ့ တံခါးများ
မရှိတော့တဲ့ တံခါးများ
ကျွန်တော့် သော့ချိတ်ပေါ်က
သော့တိုင်းက
တခုခုကို ဖွင့်နိုင်ကြတယ်။
ဒါပေမဲ့ ဒီသော့ ....။
ဘာကိုဖွင့်ဘို့လဲဆိုတာတောင်
ကျွန်တော် မမှတ်မိတော့ဘူး။
ဒါတောင်မှ
ကျွန်တော် သွားတဲ့နေရာတိုင်း ဒီသော့ အမြဲပါတယ်။
လူတွေရဲ့ အတိတ်က အမှတ်တရတွေ ဆိုတာလည်း
ဒီလိုပဲ ဖြစ်မယ်ထင်တယ်။
မရှိတော့တဲ့
တံခါးတွေအတွက်
သော့တွေကိုပဲ ကျွန်တော်တို့ ဆက်ပြီး သိမ်းထားမိကြတယ်။
Comments
Post a Comment