မကျင်နာစိမ်းကားသွားသူမို့လက်မခံနိုင် ၁၉၃၅ ခုနှစ် ဒီဇင်ဘာလမြန်မာ့အလင်း သတင်းစာ
၁၉၃၅ ခုနှစ် မြန်မာ့အလင်း သတင်းစာက သတင်း
အခုခေတ် facebook က အတင်း လောက်တော့ သနားသေးတယ်
ခေတ်သစ် သတ်ပုံကျမ်း ကိုးကွယ်သူများ ယခုသတင်း ကို ၁၉၃၅ က မြန်မာစာ ဖြင့်ရေးသားသည်ကို သတိပြုစေချင်
မကျင်နာစိမ်းကားသွားသူမို့လက်မခံနိုင်။
ဘကြီးလဲမတွေ့-ထီးတင်ပွဲလဲမမှီဆိုသည့်ပုံအညီ
ပေါင်းလိုရက်နှင့်မပေါင်းနိုင်ဖြစ်နေသူ၊
နတ်မောက်မြို့နယ်၊
ကျွန်ုပ်တို့ သတင်းထောက်ထံမှ
နတ်မောက်မြို့ နယ်တက်ဝင်ရွာနေကိုညီကြီးဆိုသူသည်မရွှေသော့ဆိုသူနှင့် ၁ဝ နှစ်ခန့်က ၂ ဦးသဘောတူ ပေါင်းသင်းလာရာမှ လွန်ခဲ့သည့် ၂ နှစ်ခန့်က ကိုညီကြီးသည်၊ မရွှေသော့အား ပစ်ခွာခါ၊ အဝတ် တထည် ကိုယ်တခုနှင့် အိမ်ပေါ်မှဆင်းသွား၍ မသစ်ဆိုသူနှင့်ပေါင်းသင်းနေထိုင်သည်ဆိုကြောင်း၊ မသစ်နှင့် ၆ နှစ်ခန့်ပေါင်းသင်းနေထိုင်လျက်ရှိစဉ်တွင် မသစ်သည်၊ တံဆောင်းမုန်း လကွယ်နေ့က၊ ယောက်ျားတယောက်ယူသွားသည်ဆိုကြောင်း
ဘကြီးလဲမတွေ့
ကိုညီကြီးသည် မသစ်နှင့် ကွဲကွာခဲ့ သဖြင့်၊ အချစ်ဟောင်း မရွှေသော့ထံ ပြန်လာရာ၊ မရွှေသော့ကလည်း မကျင်နာစိမ်းကားသွား သူဖြစ်၍၊ အချစ်ကိုလက်မခံဘဲ၊ ဇွတ် အတင်း ငြင်းဆန်ခါ၊ အိမ်ပေါ်သို့ အတက်မခံဘဲ နေ သည်ဆိုကြောင်း၊ ကိုညိုကြီးမှာ၊ ဘကြီးလဲမတွေ့ထီးတင်ပွဲလဲ မမှီဆိုသလိုမယားငယ်ကိုလည်း လက်လွတ်၊ အချစ် ဟောင်းနှင့်လည်းပြန်လည် မပေါင်းရသဖြင့်၊ နတ် မောက်မြို့ ရာဘက်တန်သူကြီး၏၊ ရုံးတွင် မရွှေသော့ကို ခေါ်လိုမှုဖြင့် လျှောက်ထားကြောင်း၊
မရွှေသော့ကလည်း၊၊
မရွှေသော့ကလည်း ကိုညီကြီးကို အိမ်ပေါ်မှ ဆင်းသွားစဉ်ကပင်၊၊ ၂ ဦးသဘောတူ ကွာရှင်းပြီးဖြစ်ကြောင်းနှင့်၊ ယခုတဖန်ရုံးက ထပ်မံ ကွာရှင်းပေးရန် လျှောက်ထားပြန်ကြောင်း၊၊
အမှုမှာမပြီးပြတ်သေးကြောင်း၊၊
Comments
Post a Comment