မင်းကိုမေ့ဖို့ ရေးတဲ့ကဗျာ
မင်းကိုမေ့ဖို့ ရေးတဲ့ကဗျာ
ငါ မင်းရဲ့နာမည်ကို
နောက်ဆုံးအနေနဲ့ တခေါက် ရေးလိုက်တယ်။
မင်းကို ပြန်ခေါ်ဖို့ မဟုတ်ဘဲ၊
မင်းကို မေ့ဖို့အတွက်ပါ။
စကားလုံးအချို့က
စာရွက်ပေါ်မှာပဲ ကျန်ရစ်ခဲ့ဖို့ ဖြစ်ပါတယ်။
ခံစားချက်အချို့က
တိတ်ဆိတ်ခြင်းထဲမှာပဲ ကျန်ရစ်ခဲ့ဖို့ ဖြစ်ပါတယ်။
တခါတလေကျတော့လည်း၊
မျှော်လင့်ချက်တွေ အကုန်ဆုံးသွားတဲ့
အဲဒီနောက်ဆုံး စက္ကန့်မှာပဲ
ဘဝသစ်တခု စတင်လာတတ်ပါတယ်။
Comments
Post a Comment