မင်းမှတပါး
မင်းမှတပါး
ဒီနေ့ မင်းအကြောင်းကို ငါ အမှတ်မထင် သတိရမိသွားတယ်။
မင်းကို တမင်လိုက်ရှာနေမိလို့တော့ မဟုတ်ပါဘူး။
တယောက်ယောက်က မင်းနာမည်ကို ခေါ်လိုက်လို့လည်း မဟုတ်ဘူး။
ငါ့ရဲ့ လက်ချောင်းလေးတွေ ခဏ ရပ်သွားတယ်...
ငါ့နှလုံးသားထဲက ဘယ်တုန်းကမှ ဖျက်မပစ်ခဲ့တဲ့ ဖုန်းနံပါတ်တခုကို
သူတို့ မှတ်မိနေသေးသလိုမျိုးပေါ့။
အချိန်တွေက မှတ်ဥာဏ် ထဲက အရာအားလုံးနီးပါးကို ဖျက်ပစ်နိုင်တယ်...
ထူးထူးဆန်းဆန်း...
ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့တဲ့ မင်းမပါခဲ့ဘူး။
Comments
Post a Comment