အကျင့်ပါပြီးသား (ဇွန်း-မောင်ဂလိ ပေးပို့သည်) မြန်မာ့ရိုးရာဟာသပုံပြင်
အကျင့်ပါပြီးသား
ဇွန်း-မောင်ဂလိ ပို့ပေးသည်
မြန်မာ့ရိုးရာဟာသပုံပြင်
ငွေတာရီမဂ္ဂဇင်း (၁၉၆၉ ဒီဇင်ဘာလ)
တခါက ရွာတရွာတွင် ဇနီးမောင်နှံနှစ်ယောက်
ရှိ၏။ တနေ့တွင် ဇာတ်ပွဲရှိသဖြင့် ဇနီးက-
“ကို အဝှာ၊ ကျုပ် ဇာတ်ပွဲ သွားကြည့်ချင်တယ်
တော်” ဟု ပြော၏။
“အို-ရှင်မနှယ် အကျင့်ပါတယ်၊ မသွားနဲ့” ဟု
ခင်ပွန်းသည်က ပြော၏။
တဖန်တနေ့တွင် ရုပ်သေးပွဲသွားရန် ပြောပြန်၏။
“အို-ရှင်မနှယ် အကျင့်ပါတယ်၊ မသွားနဲ့၊ ကြည့်စ
ရှိ ကြည့်ချင်ချင်” ဟု ပြောပြန်၏။
လ အနည်းငယ် ကြာသောအခါ ခင်ပွန်းသည်
လည်း ကြက်ကိုပိုက်ပြီး ကြက်တိုက်သွားရန် ဟန်ပြင်
နေ၏။ ထိုအခါ အခွင့်ကိုစောင့်မျှော်နေသော ဇနီး
သည်က-
“ကိုအဝှာ အကျင့်ပါတယ်၊ ကြက်တိုက်မသွားနဲ့”
ဟု ပြောလေသည်။
ထိုအခါခင်ပွန်းသည်က ပြန်ပြောလိုက်ပုံမှာ-
“အို- ရှင်မနှယ်၊ ငါက အကျင့်ပါပြီးသားဘဲ” ဟု
သတည်း။
ဇွန်း-မောင်ဂလိ
Comments
Post a Comment