လူအစဘယ်ကနည်း မောင်ဟင်္သာ ရေးသည် (သောကြာ စာစောင်၊ ၁၉၆၂ ခုနှစ် မေလ)
လူအစဘယ်ကနည်း
မောင်ဟင်္သာ ရေးသည်
(သောကြာ စာစောင်၊ ၁၉၆၂ ခုနှစ် မေလ)
မြန်မာအဘိုးကြီးအမြင်။ လူတွေဟာ ဗြဟ္မာကြီးလေးယောက်က စပြီးဆင်းသက်လာကြလို့ တို့တတွေဟာ ဗြဟ္မာမင်းဆက်တွေဖြစ်တယ်။
အင်္ဂလိပ်အဘိုးကြီးအမြင်။ ဘုရားသခင်ဟာ မြေကြီးကို သူနဲ့ပုံ သဏ္ဌာန်ပြုလုပ်ပြီး၊ အာဒံနဲ့ အေးဝဖြစ် ဖန်ဆင်းပေးခဲ့လို့ လူတွေဟာ သူတို့မှတဆင့် ပြန့်ပွားလာခဲ့တာဘဲ။
လောကဓာတ်ဆရာကြီးအမြင်။ လူတွေဟာ မျောက်က ဆင်းသက်လာတာပါ။ အဲဒါကြောင့် လူနဲ့မျောက်ဟာ အများအားဖြင့် တူတယ် မဟုတ်လား။
ဇွတ်သမားအမြင်။ သူတို့ပြောတာ အားလုံးမှားတယ်။ လူဆိုတာ လူကပဲဆင်းသက်လာတယ်။ ဟိုမှာကြည့်စမ်း ကျုပ်သားကလေး အတော် တောင်ကြီးလာပြီ။
မောင်ဟင်္သာ
Comments
Post a Comment