သာစည်အဝင် ကြုံရစဥ် တွံတေး (တောက်တက်) သောကြာ စာစောင် ၁၉၆၂ ဧပြီလ
သာစည်အဝင် ကြုံရစဥ်
တွံတေး (တောက်တက်)
သောကြာ စာစောင် ၁၉၆၂ ဧပြီလ
ရှမ်းပြည် တပ်စခန်း တနေရာမှ ကျွန်တော်တို့ ဆရာတပည့် အဖွဲ့သား ၆-ယောက် ရွှေညောင် ဘူတာမှ ရထားစီးပြီး ရန်ကုန်သို့ စုန်ဆင်းလာခဲ့ကြပါတယ်။ ညောင်ရွှေဘူတာမှ နံနက် ဂ-နာရီ ရထားစီးပါက သာစည်ဘူတာသို့ ညနေ ၅-နာရီလောက်ရောက်၊ ၎င်းမှ ည ၉-နာရီရထားဖြင့် ရန်ကုန်သို့ စုန်ကြရန် ဖြစ်ပါတယ်။ လမ်းခရီးတွင် အဖွဲ့ပါ ရဲဘော်များကလဲ ရန်ကုန်သွားရမည်ဆိုတော့ ပျော်ပျော်ပါးပါးနဲ့၊ ဘာဂျာမှုတ်သူမှုတ်- သီချင်းဆိုသူဆိုနဲ့ တပျော်ကြီးဘဲပေါ့၊ ဒီအထဲမှာ ကျွန်တော့်ဆရာ ဇနီး (ဆရာကတော်နဲ့ ကလေးတွေကလဲ ပါသေးတယ်)
ညနေ-၄-နာရီလောက် ယင်းမပင် ဘူတာရောက်တော့ အဖွဲ့သားများ တချို့က ထမင်း ဝယ်စားသူကစား မုန့်ဝယ်စားသူက စားနဲ့ ရထားခေတ္တ ဆိုက်ချိန်မှာ အလုပ် များနေကြတယ်။ ကျွန်တော်ဘို့ဆရာကတော့ “ဟေ့ ကောင်တွေ မင်းတို့သာစည်ရောက်မှ အေးအေး ဆေးဆေး ရေမိုးချိုးပြီးမှ ထမင်းစားကြပါကွာ- မင်းတို့ကောင်တွေ ညစ်ပတ်နေတာဘဲ မင်းတို့ ရှမ်းပြည်မှာ ရေမချိုး ကြပေမဲ့- ဗမာပြည်က ပူတယ်ကွ ရေချိုးကြပါ” ဟု ဩဝါဒပေးပါတယ်။
ရှမ်းပြည် ရထားကြီးလဲ- ၅-နာရီ ၃၀ လောက် သာစည်ဘူတာကို ဆိုက်ရောက်ခဲ့ ပါတယ်။ ကျွန်တော့် ဆရာလင်မယားနဲ့ ကျွန်တော် လဲ - သာစည်ဘူတာက “ရေရမယ်- ရေ.... ရေ” ဟု အမျိုးသမီးလေးတွေရဲ့ ရေချိုးရန် လာရောက် ခေါ်ငင်ရာ အိမ်တအိမ်သို့ လိုက်သွား ကြပါတယ်။ ရေရောင်း သော အိမ် ကလဲ ရေချိုးခန်း နှစ်ခန်းရှိပြီး မိန်းမနဲ့ ယောကျ်ား သီးသန့်ထား ပါတယ်။ ရေရောင်းတဲ့ အဖွါးကြီးကလဲ မိန်းမ လုံချည် တထည်နဲ့ ယောကျ်ား လုံချည် နှစ်ထည်ယူပြီး တထည်ကို အမြင့်မှာတင်ပြီး-တထည်ကို ဘေးတန်းပေါ် တင်ထား ခဲ့တယ်ခင်ဗျာ။ ဒါကိုကျွန်တော် အာစရိကရှေ့ဦးစွာ ဘေးတန်းကလုံချည်ကို ဝတ်ပြီး ရေချိုးတော့တာဘဲ။ နောက်သူဇနီးကလဲ နီးရာတန်းက လုံချည် တထည်ကိုယူပြီး တဖက်ခန်းမှာ တဝုန်းဝုန်းနဲ့ ရေချိုးနေလေရဲ့။ ကျွန်တော် က တော့ ရေလဲ တခုပြီးအောင် ဆရာရေချိုးပြီးအထိ စောင့် ဆိုင်းနေတာပေါ့။ ဆရာလဲရေချိုးပြီး လုံချည်ရေညှစ်ရင်းက “ဗမာပြည် ပိုင်း ရောက်တော့ ပူ တယ်ဟေ့.... ရေက အေးအေးနဲ့ ချိုးလို့ အလွန်ကောင်းဟ” ဟု ပါးစပ်က ရေရွတ်ရင်း ရေစိုလုံချည်နဲ့ ချွေးညှော်များ တွန်းရင်း ပြောဆိုနေပါတယ်။
ဒီအချိန် အတွင်းမှာဘဲ - တဖက်ခန်း က ဆရာကတော် က - အသံ ကြောင်ကလေးနဲ့ “ဟော.... တေါ့ လုံချည်ကလဲ ယောကျ်ား လုံချည်ပါ ကလား” လို့ အော်ဟစ် ပြောဆိုသံနဲ့ အတူ - ဆရာကလဲ အိမ်ရှေ့က ဓာတ်တိုင် ဒီရောင် အောက်မှာ အထက်ဆင်တပ် ထားတဲ့ ပန်းရိုက် ထဘီ တထည်ကို ပိုင်ပိုင် နိုင်နိုင်ကြီး ကိုင်ပြီး ငိုင်နေတာကို တွေ့ရတယ် ခင်ဗျာ။
ကျွန်တော်တို့မှာ ငိုအားထက် ရယ်အားသန်ပြီး ဒီဇာတ်လမ်း ဒီတွင်ဘဲဖြတ်ထားသို့ ဆရာက အတန်တန်မှာပေမဲ့ စာရှုသူတို့ သာစည်အဝင်မှာ ဆင်ချင်ကြရအောင် တင်ပြလိုက် ပါတယ်။ ခင်ဗျား။
တွံတေး-တောက်တက်။
Comments
Post a Comment