⭐️ ဒေါ်ထင် ဖေါ်ပင်ခဲ့စဥ်က ⭐️

ထီလာ-မမလေး

သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ


တခါကစာရေးသူတို့သည် မိတ္ထီလာမှ ပုပ္ပါးသို့ ဘုရားဖူးသွား ခဲ့သည်။ ကားထဲတွင် ဆရာ-ဆရာမ၊ ကျောင်းသူ-ကျောင်းသားများနှင့် ဖိုးအို-ဖွားအိုများပါသည်။ ဘုရားဖူးမသွားမီ ဒေါ်ပွင့်အမည်ရှိ အဒေါ်ကြီးတဦးက ခင်ပွန်းသည် ဦးစံပွင့်ကို ဘုရားဖူးမလိုက်ရန် ပြောသည်။ ဦးစံပွင့်က ဒေါ်ဆယ်တို့ပါ၍ ကိစ္စမရှိဟုဆိုသည်။ လမ်းတွင် ကားထိုင်ခုံကျိုးသည်။ ဒေါ်ဆယ်နှင့် ဒေါ်ထင် အဖွားအိုနှစ်ဦးသည် ဦးစံပွင့် အပေါ်သို့ လဲ-ပုံ-ခွေကျသည်။ ယင်း အဖြစ်အပျက်လေးကို အတူလိုက် ပါလာသူ ထိုစဉ်က ကျောင်းဆရာ၊ ယခု တိုင်း-ပညာဝန်မင်းတဦးက အောက်ပါအတိုင်း ကဗျာချိုး မှတ်တမ်းတင်ခဲ့သည်။ ကဗျာတွင် ကားအမည် (သတ္တိမောင်) နှင့် ကားပိုင်ရှင်ကိုပါ ထည့်သွင်းရေးစပ် ထားသည်။


ဦးစံပွင့်-ဒေါ်ပွင့်ရယ်တဲ့ မှာလိုက်မယ်၊

ပုပ္ပါးတောင် မောင်မတက်လေနဲ့-ကားပျက်မို့ကွယ်၊

နေစမ်းပါဟယ်-ဒေါ်ဆယ်တို့အပါသား၊

(သတ္တိမောင်) ထိုင်ခုံပျက်ခါမှ

အရှက်တော် ဧရာမရယ်နဲ့၊

ဒေါ်ထင် ဖေါ်ပင်လို့ကျရတယ်၊

(ဗိုလ်ကြီးရေ) ဆိုးပါ့ မင်းကား...။  ။


ထီလာ-မမလေး

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်