အော်—မွှားလို့၊ မွှားလို့ သောကြာ စာစောင် ၁၉၆၂ ဧပြီလ

 



အော်—မွှားလို့၊ မွှားလို့

သောကြာ စာစောင် ၁၉၆၂ ဧပြီလ


မိန်းကလေးတစ်ဦးသည် အလွန်မျက်စိမှုန်၏။ သို့သော် မျက်မှန်တပ်လျှင် အလှပျက်မှာစိုးသည်ဟု ဆိုကာ မျက်မှန်မတပ်ဘဲနေ၏။ မကြာမီ ထိုမိန်းကလေးသည် အိမ်ထောင်ကျကာ ခင်ပွန်းသည်နှင့်အတူ မင်္ဂလာဦး ခရီးထွက်၍သွား၏။


မိန်းကလေးသည် အပျော်ခရီးမှ မိဘအိမ်သို့ ပြန်ရောက်လာ၏။ မိန်းခလေး၏အမေသည် ငယ်သံပါအောင် အော်မိပြီး၊ ချက်ခြင်းပင် မျက်စိကု ဆရာဝန်ထံသို့ တယ်လီဖုန်း ဆက်ပြီး “ဆရာဝန်ကြီး.....ရှင် အခုချက်ခြင်း ကျမတို့အိမ်ကို လာခဲ့စမ်းပါ သိပ်အရေးကြီးလို့ပါ။ ကျမသမီးဟာ ဘယ်တော့မှ မျက်မှန်မတပ်ချင်ဘူး။ အခုဘဲ သူ မင်္ဂလာဦးခရီးက ပြန်ပြီးတော့ ရောက်လာတယ်....”

စကားမဆုံးမီ ဆရာဝန်က...

“ဒီမှာအမကြီး သိပ်ပြီးတော့ ပူမနေပါနဲ့ဗျာ၊ ခင်ဗျားသမီး မျက်စိမှုန်တာက ဒါလောက် အရေး တကြီး ကျွန်တော်လာဘို့မလိုပါဘူး၊ သူ့ကို ကျွန်တော်ဆေးခန်းကိုလွှတ်လိုက်ပါ၊ သူ့မျက်လုံးတွေ ဘယ်လောက် မှုန်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ သိပ်ပြီး စိတ်ပူမနေပါနဲ့။ သေရေးရှင်ရေးမဟုတ်ပါဘူး”ဟု နှစ်သိမ့် စကားပြော၏။


ဤတွင် မိန်းကလေး၏အမေက....

“အရေးကြီးတယ် ရှင့်.... အရေးကြီးတယ်။ အခုကျမသမီးအပြန်မှာ ပါ ပြီးလာတဲ့အကောင်က သူနဲ့ အတူတူ မင်္ဂလာဦး ထွက်သွား တဲ့ သူ့လင် မဟုတ်ဘူး” ဟု မောကြီး ပန်းကြီး ပြောလိုက်လေသည်။

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်