မွန်းလိုက်မှာတခါကြုံတယ် ရှိရှားကြီး ဖေါ်ကာင်လုပ်သည် သောကြာ စာစောင် ၁၉၆၂ ဇွန်လ




 မွန်းလိုက်မှာတခါကြုံတယ်

ရှိရှားကြီး ဖေါ်ကာင်လုပ်သည်

သောကြာ စာစောင် ၁၉၆၂ ဇွန်လ

ကျီးကန်းဟူသော ခြေနှစ်ချောင်း သတ္တဝါသည် မျက်စိလျင်၍ နားပါးသည်။ တနည်း အကင်းပါးသည်။ လူတို့က ၎င်းအား လောံလေးဖြင့်သော်၎င်း၊ အခြား အရာဝတ္တု ပစ္စည်းတခုခုဖြင့် ပစ်ခတ်ရန် ကိုမဆိုထားဘိ ချိန်ရွယ်လိုက်လျှင်ပင် ရုတ်ချည်း တိမ်းရှောင်ကာ ပျံထွက်နိုင်စွမ်းရှိ၏။

သို့သော် ကျွန်တော်သိသော ကျီးကန်းကား အနှီ ကဲ့သို့သော မျက်စိလျင် အကင်းပါးသော သတ္တဝါကျီးကန်းမဟုတ်ပါပေ။ သောကြာ ပရိတ်သတ်တို့၏ အလယ် ပေါ်ပြူလာကြီး ဖြစ်သော ကလောင်အမည် ကုက္ကိုင်းသားငနဲ ကျီးကန်းတယောက် အကြောင်းကို (ဝါ) သူ၏ ခံလိုက်ရခြင်း အကြောင်းကို ရင်းနှီးသူ ကျွန်တော် မောင်ရှိရှားကြီးက ဖေါ်ကောင်လုပ်၍ စာမူတပုဒ်အဖြစ် တင်ဆက်လိုက်ရပါသည်။

သူနှင့် ကျွန်တော်သည် သောက်ဖေါ် သောက်ဘက်များ ဖြစ်ကြ၍ ညနေတိုင်းလိုလိုပင် မွန်းလိုက်ဘားတွင် အတူဆုံမိကြသည်။

တနေ့ ဟုဆိုရပေမည်၊ ရက်စွဲကို မမှတ်မိတော့ ကျွန်တော်သည် အလုပ် အနည်းငယ်များ၍ သူနှင့် ချိန်းဆိုသော မွန်းလိုက်သို့ အချိန်အနည်းငယ် နောက်ကျကာ ရောက်ရှိသွားပါသည်။

သူသည် ကျွန်တော့ထက် နာရီဝက်ခန့် စောစွာရောက်ရှိ နေသဖြင့် ကျွန်တော့အား စောင့်ရင်း ဘယ်နှစ်ကြိမ်မော့ခဲ့သည်မသိ ရမ် အကြီးတလုံးတွင် တဝက်မရှိတရှိ အချေသို့ တွေ့ရသည်။ သို့နှင့် ကျွန်တော်သည် သူအား ရေချိန်မလွန်စေရန် ကျန်သောတဝက်ကို ဆော်ဒါရည် ရောကာ တယောက်တည်း သူ့ကိုမပေးဘဲ တောံလျှော့က် မော့ချလိုက်သည်။

သို့စဉ် ပါးဆုံ့အစ်အစ်နှင့် သား နားစွာ ဝတ်ဆင်ထားသော လူတယောက်သည် ပြုံးရွှင်သော မျက်နှာထားနှင့် ကျွန်တော်တို့ နှစ်ယောက် ဘေးရှိ လွှတ်နေသော ကုလားထိုင် တွင် ဝင်ရောက်ထိုင်ကာ -

“ဟဲ- လို ကုက္ကိုင်းကျီးကန်း နေ ကောင်းရဲ့နော်- အခု ဟာသစာပေ တွေဘဲ ရေးနေသလားဗျ၊ လုပ်စမ်းပါ ဗျာ အချစ်ဇာတ်လမ်း တပုဒ်လောက် ကျွန်တော့ပရက် (စ်) မှာ ရိုက်ပြီးဖြန့် ချီလိုက်ရရင် အုပ်ရေ - ငါးထောင် လောံပြတ်ပါတယ်ဗျာ ဟဲ-ဟဲ-ဟဲ” ဟု ပြောဆို ရယ်မောကာ အနောက်တိုင်း ယဉ်ကျေးမှုအတိုင်း လက်ကမ်း ပေးကာ နှုတ်ဆက်လာသည်။

ထိုအချိန်တွင် ကျွန်တော့ လက် ကျန်ဖန်ခွက်တွင် ခါလီဖြစ်ပြီး ပုလင်းထဲတွင်လည်း နတ္ထိ ဖြစ်နေသည်။ သူ့ အား ဝင်ရောက်နှုတ်ဆက်သူ သူ မိတ်ဆွေ (ဝါ) ပုံနှိပ်တိုက် ပိုင်ရှင်ဆိုသူ အား တတ်အားသမျှ ပြုစုရန် တာဝန် ရှိလာသည့်အလျောက် ကျွန်တော်က သူ့ကို ကြည့်လိုက်လျှင် သူငယ်ချင်း ကုက္ကိုင်းကျီးကန်းသည် အားနာခြင်း ပြုစုလိုသော ဆန္ဒရှိခြင်းကြောင့် နောံထပ် စားပွဲထိုးအား အကြီးတလုံးနှင့် ဆော်ဒါ အမြှီးပါ မှာလိုက်သည်။

သူ၏ မိတ်ဆွေကြီးသည် ထွေရာ လေးပါး ဟိုအကြောင်း ဒီအကြောင်း များကို တောင်စဉ် ရေမရ လျှောက် ပြောနေသည်။ စာပေနယ်ဘက်မှ ဟို စာရေးဆရာကြီးသည် အရက်အလွန် သောက်နိုင်ကြောင်း၊ ဆရာကြီးဦး အ ဝှာ၏ စာမူကို အဘယ်ရုပ်ရှင် ကုမ္ပဏီ က ငွေငါးထောင်နှင့်ဝယ်၍ ရုပ်ရှင် ရိုက်နေကြောင်း၊ ထိုရုပ်ရှင်ကန်တော့ပွဲ ပေး အခမ်းအနားတွင် ပါတီ လုပ်၍ လွှတ်ခဲ့ကြောင်း၊ အခုလည်း ဟာသ စာပေနယ်မှ ကုက္ကိုင်း- ကျီးကန်းနှင့် တွေ့ကြုံရ၍ ဝမ်းသာကြောင်း၊ တတ် နိုင်လျှင်ပြား (၁၀) တန် ဝတ္ထုတပုဒ် ထုတ်နိုင်ရေး အတွက် သူအနေနှင့် ဖြန့်ချီရေးတွင် တာဝန် ယူကြောင်း ရေးသား ပေးရန်ကိုလည်း အညွတ် အနူး တောင်းပန်ကြောင်း၊ နောင်ရှေ့ အလား အလာများစွာ ရှိသော ဆရာလို ဟာသ သမားနှင့် ดွန်တွဲ၍ အ လုပ် လုပ်ကိုင်ချင်ကြောင်း၊ ရေပက်မ ဝင် ပြောဆိုရင်း အကြီးတလုံးလည်း ချောသွားသဖြင့် နောက်ထပ်တဝက်မှာ ယူကာ ဆက်သောက် နေ ကြ ပြန်သည်။

အချိန်မှာလည်း တဖြည်းဖြည်းနှင့် ည (၉) နာရီသို့ ရောက်သွားသဖြင့် သူ၏မိတ်ဆွေသည် အလုပ်တိုက်တွင် လုပ်ရန် တာဝန်တခုရှိနေ၍ ဤမျှနှင့် ပင် ခွင့်ပြုရန်နှုတ်ဆက်ကာသူ၏အိတ် အတွင်းမှ နေရပ်လိပ်စာနှင့် လုပ်ငန်း အမည်ပါ ပေး၍ပြန်သွားတော့သည်။ နောင် အားလပ်သော ရက်တွင် လည်း ဆက်ဆက်လာပါရန် အတန် တန် မှာကြား၍လည်း သွားသည်။

သို့နှင့် ကျွန်တော်သည် ကုက္ကိုင်း ကျီးကန်းအား မတွေ့ရဘဲ တနင်္ဂနွေ နှစ် ပတ်မျှအကြာ တနေ့သော ညနေ တွင် မွန်းလိုက်သို့ရောက်ကာ သူအား ဒေါင့်ကျကျ စားပွဲတလုံးတွင် ခတ် ကုတ် ကုတ် ထိုင်နေသည်ကို တွေ့ရ သည်။

ဟာသ စာရေးဆရာပီပီ ဟာသ မြောက်သော စကားလုံးတို့ဖြင့် တန် ဆာဆင် ပြောလေ့ရှိသော သူသည် ယခုအခါ ဟာသ မဆန် အလွမ်း အ ဆွေးသမား အသဲကွဲ ဝတ္ထုဆရာကဲ့ သို့ မှိုင်တေတေနှင့် တွေ့ရသည်။

“ဟေ့ - ကောင် ငြိမ် ချက်သား ကောင်းလိုက်လေ - ငါ့လူရ - ဘာတွေများ အတွေးအခေါ် ရယူနေပါလိမ့် ကိုယ့်လူရ” ဟုကျွန်တော်က စတင် နှုတ်ဆက်မှသူသည် -

“ဘာတွေမှ အတွေး အခေါ်ရ ယူနေတာ မဟုတ်ပါဘူးကွာ ဟိုတ နေ့ ကငါ့ကို လှိမ့်သွားတဲ့ လူအ ကြောင်း တွေးတွေးပြီး စိတ်မကောင်း ဖြစ်နေတာပါ” ဟုတလုံးချင်း ဖြေ လေသည်။

“ဟဲ.... ဟဲ.... ဟဲ ဆိုစမ်းပါဦး ငါ့ဆရာရဲ့”

“ဟိုကွာ ကိုသက်လွင်ဦး ဆိုတဲ့ ပုံနှိပ်တိုက် ပိုင်ရှင်လေကွာ....”

“အေးလေ.... အဲ့ဒါဘာဖြစ်သ လဲကွ”

“ဘာဖြစ်ရမလဲကွာ သူပေးတဲ့ လိပ်စာအတိုင်း ငါက သူနေရပ်ကို သွားရှာတာပေါ့ကွာ....”

“အင်း- တွေ့ကြရောလား?”

“ထွီ? ခြံအမှတ် (၉၂) သရီးတူး ပုံနှိပ်တိုက် တာမွေလမ်း ကို သေသေ ချာချာ သွားရှာတော့ တရုပ်သင်း ချင်း ခြံအမှတ်ကြီး ဖြစ်နေတာပေါ့ ကွာ....” ဟုသတည်း။

ရှိရှားကြီး

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်