ထိတ်လန့်ဘွယ်စာအုပ် မောင်အံ့ချိန်း သောကြာ စာစောင် ၁၉၆၂ မတ်လ
ထိတ်လန့်ဘွယ်စာအုပ်
မောင်အံ့ချိန်း
သောကြာ စာစောင် ၁၉၆၂ မတ်လ
အပျိုကြီးဒေါ်ဖေါ့သည် လောကကြီးတွင် ပျော်သလိုနေတတ်သော အထက်တန်းလွှာမှ အမျိုးသမီးတစ်ဦးဖြစ်၏။ လင်မယူ၍ အပျိုကြီးဖြစ်နေသော်လည်း ဖဲလည်းရိုက်တတ်၍၊ မြင်းလည်းလောင်းကာ၊ အရက်မော့ခြင်း၊ ပွတ်ပွဲဘက်ခြင်းလည်း အခါအားလျော်စွာ ပြုတတ်သဖြင့် အာဂအပျိုကြီးဟူ၍ မှတ်ချက်ချလိုက ချနိုင်ပါ၏။
တနေ့သ၌ ဒေါ်ဖေါ့သည် စာအုပ်ဘအုပ်ကိုဖတ်၏။ သူမသည် စာရွက်များကို တရွက်ချင်းလှန်၍၊ တကြောင်းချင်းဖတ်၏။ သူမ၏မျက်လုံးအစုံသည် ပြူး၍ပြူး၍လာ၏။ ဇောချွေးတို့သည်လည်း ပြိုးပြိုးပြိုက်ပြိုက်ကျဆင်းလာ၏။ ထို့နောက် ထိတ်လန့်တုန်လှုပ်ခြင်း အလွန်ပြင်းထန်ရကား- “အမယ်လေး”ဟူ၍ တခွန်းသာအော်ပြီး အသက်ထွက်သွားတော့သည်။
ရဲဌာနမှ သူ၏ ထိတ်လန့်ဘွယ် စာအုပ်ကြီးကို စေ့စေ့စပ်စပ် လေ့လာသောအခါ ‘ကြွေးစာရင်း’ ဖြစ်နေပေ၏။
မောင်အံ့ချိန်း
Comments
Post a Comment