ကမ္ဘာ့အဆင့်မီ ပညာရေးကို လူတိုင်းလက်လှမ်းမီအောင် လုပ်ဆောင်ခဲ့သူ ဒါဖနီ ကော်လာ (Daphne Koller)
ကမ္ဘာ့အဆင့်မီ ပညာရေးကို လူတိုင်းလက်လှမ်းမီအောင် လုပ်ဆောင်ခဲ့သူ
ဒါဖနီ ကော်လာ (Daphne Koller)
သူမ လုပ်တော့မယ့်အရာဟာ ကမ္ဘာ့အထင်ကရ အကျော်ကြားဆုံး တက္ကသိုလ်တခုရဲ့ တန်ဖိုးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ သူမကို သတိပေး တားမြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူမကတော့ ဂရုမစိုက်ဘဲ ဆက်လုပ်ခဲ့လို့ ကမ္ဘာကြီးဟာလည်း အရင်လို မဟုတ်တော့ပါဘူး။
၂၀၁၁ ခုနှစ်၊ စတန်းဖို့ဒ် တက္ကသိုလ်။ ဒါဖနီ ကော်လာ (Daphne Koller) လို့ အမည်ရတဲ့ ကွန်ပျူတာ သိပ္ပံပညာရှင် တယောက်ဟာ သူမရဲ့ ကွန်ပျူတာဖန်သားပြင်ပေါ်က နားမလည်နိုင်စရာ ကိန်းဂဏန်းတွေကို စိုက်ကြည့်နေခဲ့ပါတယ်။ သူမနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တဦးဟာ စမ်းသပ်မှုအသေးစားလေး တခုကို ပြုလုပ်ခဲ့ကြတာပါ။ စတန်းဖို့ဒ် တက္ကသိုလ်ရဲ့ သင်ခန်းစာအချို့ကို အင်တာနက်ရှိသူတိုင်း အခမဲ့ လေ့လာနိုင်အောင် အွန်လိုင်းပေါ် တင်ပေးခဲ့ပါတယ်။ လျှောက်လွှာတွေ၊ ကျောင်းလစာတွေ၊ ဝင်ခွင့်သတ်မှတ်ချက်တွေ မလိုဘဲ ကမ္ဘာတဝှမ်းကလူတွေအတွက် အသိပညာတွေကို ဖွင့်ချပေးခဲ့တာပါ။
ရက်ပိုင်းအတွင်းမှာပဲ သင်တန်းတက်ရောက်သူတွေ အုံနဲ့ကျင်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူတွေဟာ ထင်မှတ်မထားတဲ့သူတွေ ဖြစ်နေပါတယ်။ အိန္ဒိယကျေးလက်က ဆရာဝန်တွေဟာ ညဖက်နဲ့ အားလပ်ရက်တွေမှာ Machine Learning ဘာသာရပ်ကို ကိုယ်တိုင် လေ့လာသင်ယူနေကြတယ်။ ဘရာဇီးက အလုပ်တဖက်နဲ့ မိခင်တွေဟာ သူများဆီက ငှားထားတဲ့ ဖုန်းတွေနဲ့ အလုပ်နားချိန်မှာ ကွန်ပျူတာသိပ္ပံကို လေ့လာနေကြတယ်။ ဒုက္ခသည်စခန်းက လူတွေဟာ သူတို့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တက္ကသိုလ် ပို့ချချက်တွေကို လေ့လာခွင့် ရနေကြတယ်။ ဒါတွေဟာ လက်ရှိပညာရေးစနစ်က ချန်လှပ်ထားခဲ့တဲ့ လူပေါင်းသောင်းနဲ့ချီတဲ့ လူတွေပါပဲ။
ဒါဖနီဟာ အဲဒီကိန်းဂဏန်းတွေကို ကြည့်ရင်း တခုခု ပြောင်းလဲသွားတာကို ခံစားလိုက်ရပါတယ်။ ပညာရေးဟာ အားလုံးအတွက် ပွင့်လင်းလာဖို့ အချိန်တန်နေပါပြီ။ မေးစရာရှိတာကတော့ “ဒီစနစ်ဟောင်းကို ဖောက်ထွက်ဖို့ ဘယ်သူ့မှာ သတ္တိရှိလဲ” ဆိုတာပါပဲ။
ဒါဖနီဟာ စာအုပ်တွေနဲ့ စူးစမ်းလိုစိတ်တွေကြားမှာ အစ္စရေးနိုင်ငံမှာ ကြီးပြင်းခဲ့တာပါ။ ဉာဏ်ရည်တု (AI) ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရရှိခဲ့ပြီး ကမ္ဘာ့အထင်ကရ စတန်းဖို့ဒ် တက္ကသိုလ်မှာ ပါမောက္ခ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတံတိုင်းတွေထဲမှာ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ထူးချွန်ထက်မြက်တဲ့သူတွေဟာ သူတို့မှာ အရည်အချင်းမရှိလို့ မဟုတ်ဘဲ၊ မှားယွင်းတဲ့ နေရာမှာ မွေးဖွားလာလို့ ဒါမှမဟုတ် ကျောင်းလစာ မတတ်နိုင်လို့ ပညာသင်ခွင့်တွေ ဆုံးရှုံးနေရတာပါပဲ။ တဖက်မှာတော့ မိဘတွေ ချမ်းသာတဲ့ သာမန်ကျောင်းသားတွေဟာ တတ်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ တက္ကသိုလ်မှာ နေရာရနေကြပါတယ်။
ဒါနဲ့ပဲ ဒါဖနီဟာ စိုးရိမ်စရာကောင်းတဲ့ မေးခွန်းတခုကို စတင်မေးမြန်းခဲ့ပါတယ် - “ဘာလို့လဲ?” ကမ္ဘာပေါ်က လူနည်းစုလေးကပဲ ဘာလို့ ကမ္ဘာ့အဆင့်မီ ပညာရေးကို သင်ယူခွင့် ရနေတာလဲ? နည်းပညာတွေက အားလုံးကို မျှဝေပေးနိုင်နေတဲ့ အချိန်မှာ စတန်းဖို့ဒ်ရဲ့ အသိပညာတွေကို ဘာလို့ တံခါးပိတ်ထားရတာလဲ? သူမက အဲဒီမေးခွန်းတွေကို အသံထွက်မေးလိုက်တဲ့အခါ ကန့်ကွက်မှုတွေ ချက်ချင်း ရောက်လာပါတယ်။
အွန်လိုင်းသင်တန်းတွေဟာ စာသင်ခန်းထဲမှာ သင်ကြားတာကို ဘယ်တော့မှ မမီနိုင်ဘူးလို့ ပါမောက္ခတွေက အခိုင်အမာ ပြောကြတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း ဒါဟာ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေလိမ့်မယ်လို့ သတိပေးကြတယ်။ ကျောင်းဝင်းထဲမှာ လူကိုယ်တိုင် မရှိဘဲနဲ့ ကျောင်းသားတွေဟာ စိတ်ဝင်တစား ရှိမှာမဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုကြတယ်။ သူတို့ပေးချင်တဲ့ သတင်းစကားကတော့ အမြဲတမ်း အတူတူပါပဲ - “သီးသန့်ဖြစ်မှုဟာ အဓိကပဲ။ အထက်တန်းစား ပညာရေးရဲ့ တန်ဖိုးဟာ အရည်အသွေးထက် ရှားပါးမှုကနေ လာတာ” တဲ့။
ဒါဖနီကတော့ ဒါကို လုံးဝ သဘောမတူပါဘူး။ ၂၀၁၂ ခုနှစ်မှာ သူမဟာ Coursera ကို စတင် တည်ထောင်ခဲ့ပါတယ်။ ခမ်းနားတဲ့ ဖွင့်ပွဲတွေ၊ ဂုဏ်ပြုပွဲတွေ မရှိဘဲ လူတိုင်းအတွက် အခမဲ့ အွန်လိုင်းသင်တန်းတွေကိုပဲ ချပြခဲ့တာပါ။ အဲဒီနောက်မှာတော့ အားလုံးကို အံ့အားသင့်စေတဲ့ အရာတခု ဖြစ်ပျက်ခဲ့ပါတယ် - ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ နိုင်ငံပေါင်း ၁၉၀ က ကျောင်းသားပေါင်း ၁၆၀,၀၀၀ ဟာ ဘာသာရပ်တခုတည်းကို တက်ရောက်ဖို့ စာရင်းသွင်းခဲ့ကြပါတယ်။ ဒါဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တယောက် သမားရိုးကျ စာသင်ခန်းမှာ တသက်လုံး သင်ကြားရမယ့် ကျောင်းသားအရေအတွက်ထက်တောင် ပိုများနေပါတယ်။
အီးမေးလ်တွေ တသီတတန်းကြီး ရောက်လာပါတော့တယ်။ အီဂျစ်နိုင်ငံက ကွန်ပျူတာသိပ္ပံ သင်ယူဖို့ အမြဲ အိပ်မက်မက်ခဲ့တဲ့ မိခင်တဦးဟာ သင်တန်းတွေ ပြီးဆုံးသွားတဲ့အခါ ပရိုဂရမ်မာ အလုပ်တခု ရရှိခဲ့ပြီး သူမရဲ့ မိသားစုဘဝကို ပြောင်းလဲနိုင်ခဲ့တယ်။ ပါကစ္စတန် ကျေးလက်က ဆရာတဦးဟာ Coursera ကို သုံးပြီး သူ့ကိုယ်သူ အရည်အချင်း မြှင့်တင်ခဲ့သလို၊ အဲဒီအသိပညာတွေကို ပညာသင်ခွင့် မရဖူးတဲ့ သူ့ကျောင်းသားတွေကို ပြန်လည် မျှဝေပေးခဲ့တယ်။ ဖုန်းတလုံးကလွဲလို့ အားလုံး ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည် တယောက်ဟာ သူ့ရဲ့ စိတ်ဓာတ်တွေ တက်ကြွနေဖို့၊ မျှော်လင့်ချက်တွေ မပျောက်ပျက်ဖို့နဲ့ ဘဝသစ် ပြန်လည် တည်ဆောက်ဖို့အတွက် ဒီသင်တန်းတွေကို အသုံးချခဲ့ပါတယ်။
ဒါတွေဟာ ထူးခြားချက်တွေ မဟုတ်ပါဘူး၊ ဒါတွေဟာ ပုံမှန် ဖြစ်ပျက်နေတဲ့ အရာတွေပါ။ ဒီနေ့မှာတော့ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုက သင်ယူသူပေါင်း သန်း ၁၅၀ ကျော်ဟာ တက္ကသိုလ် ရာပေါင်းများစွာက Coursera သင်တန်းတွေကို တက်ရောက်နေကြပါပြီ။ အွန်လိုင်းပညာရေးဟာ ဘယ်တော့မှ မအောင်မြင်ဘူးလို့ ပြောခဲ့တဲ့ ပါမောက္ခတွေ ကိုယ်တိုင် အခု အွန်လိုင်းကနေ သင်ကြားနေကြပါပြီ။ သူတို့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းမယ်လို့ သတိပေးခဲ့တဲ့ တက္ကသိုလ်တွေဟာလည်း Coursera နဲ့ လက်တွဲထားတာကို ဂုဏ်ယူစွာ ကြော်ငြာနေကြပါပြီ။ သီးသန့်ဖြစ်မှုဟာ လိုအပ်တယ်လို့ အခိုင်အမာ ပြောခဲ့တဲ့ စနစ်ကြီးဟာ အားလုံးအတွက် ပွင့်လင်းမြင်သာမှုရှိခြင်းက အရာရာကို ပိုကောင်းစေတယ်ဆိုတာကို ဝန်ခံလိုက်ရပါပြီ။
အစ္စရေးမှာ မွေးဖွားပြီး စတန်းဖို့ဒ်မှာ ပညာသင်ကြားခဲ့ကာ အထက်တန်းစား ပညာရေးလောကရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တဲ့ ဒါဖနီ ကော်လာဟာ သူမရဲ့ အခွင့်ထူးခံ အဆင့်အတန်းကို တံခါးတွေကို ပိတ်ထားဖို့ မဟုတ်ဘဲ၊ အဲဒီတံခါးတွေကို ဖြိုချဖို့အတွက် အသုံးချခဲ့ပါတယ်။ တံတိုင်းတွေနောက်မှာ ပိတ်လှောင်ထားတဲ့ အသိပညာတွေဟာ အလဟဿ ဖြစ်သွားတဲ့ အသိပညာတွေပဲ ဖြစ်တယ်ဆိုတာကို သူမ သက်သေပြခဲ့ပါတယ်။ လူတွေ ပိုပြီး လေ့လာခွင့်ရလေလေ ပညာရေးရဲ့ တန်ဖိုးဟာ လျော့မသွားဘဲ ပိုပြီး တန်ဖိုးရှိလာလေလေပါပဲ။
အထက်တန်းစား အသိပညာတွေဟာ အထက်တန်းစားတွေအတွက်ပဲ ဖြစ်သင့်တယ်လို့ ကမ္ဘာကြီးက သူမကို ပြောခဲ့ပေမယ့် သူမကတော့ အဲဒါကို အားလုံးအတွက် ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်လမ်းက ကျွန်တော့်ကို လှုပ်ခိုးစေသလိုမျိုး သင့်ကိုလည်း လှုပ်ခိုးစေတယ်ဆိုရင် မျှဝေပေးလိုက်ပါ။ သင့်ပတ်ဝန်းကျင်က လူတချို့ဟာ ပိတ်ထားတယ်လို့ ထင်ရတဲ့ တံခါးတွေကို ပြန်ဖွင့်လို့ ရသေးတယ်ဆိုတာ သိဖို့ လိုအပ်နေနိုင်ပါတယ်။ ဒီဗီဒီယိုကို Like လုပ်ပေးခြင်းဖြင့် လူအများ မြင်တွေ့စေဖို့ ကူညီပေးပါ၊ ပြီးတော့ ဒီစာမျက်နှာကို Follow လုပ်ထားပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ရှိရင်းစွဲအတိုင်း လက်မခံဘဲ ပိုကောင်းအောင် ပြောင်းလဲခဲ့သူတွေရဲ့ ဇာတ်လမ်းတွေကို နေ့စဉ် မျှဝေပေးနေလို့ပါ။ တစုံတယောက်ဟာ ဒီဇာတ်လမ်းကို ကြားဖို့ စောင့်ဆိုင်းနေပါတယ်။ သူတို့ဆီ ရောက်အောင် ပို့ပေးလိုက်ပါ။

Comments
Post a Comment