မောင်နှမမေတ္တာ (သို့မဟုတ်) ရင်နင့်ရသည့် အိမ်အပြန်

မောင်နှမမေတ္တာ (သို့မဟုတ်) ရင်နင့်ရသည့် အိမ်အပြန်

ကျွန်တော်ဟာ အသက် ၁၅ နှစ်ပဲရှိသေးတဲ့ ညီမလေးကို အနိုင်ကျင့်ဖျက်ဆီးခဲ့တဲ့ လူယုတ်မာကို လက်စားချေ သတ်ဖြတ်ခဲ့မိလို့ ထောင်ကျခဲ့သူပါ။ အဲဒီနေ့ကစပြီး ကျွန်တော့်ရဲ့ ဘဝတခုလုံး ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားခဲ့ရတယ်။


တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပြီးနောက်၊ နှစ်ပေါင်းများစွာကို ဖြတ်ကျော်ပြီးတဲ့အခါမှာတော့ နောက်ဆုံးမှာ ကျွန်တော့်အတွက် လွတ်ရက်ဆိုတာ ရှိလာခဲ့ပါပြီ။ အဲဒီသတင်းကို ညီမလေးဆီ ဖုန်းဆက်ပြောလိုက်တဲ့အချိန်မှာ ဖုန်းတဖက်ဆီကနေ အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်။


ခဏကြာတော့မှ ငိုသံစွက်နေတဲ့ အသံတုန်တုန်လေးနဲ့ သူမက ပြောရှာတယ်—


> “အစ်ကို… တကယ်ပဲ အိမ်ပြန်လာတော့မှာလား… ညီမလေး အစ်ကို့ကို စောင့်နေခဲ့တာ သိပ်ကြာပြီ”


ကျွန်တော် ရင်ထဲကလှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိပြီး—


“ဟုတ်တယ် ညီမလေး… ဒီတခါတော့ အစ်ကို တကယ် ပြန်လာတော့မယ်” လို့ အားပေးစကား ပြန်ပြောခဲ့တယ်။


အဲဒီနေ့ကစပြီး ညီမလေးဟာ ကျွန်တော် လွတ်မြောက်မယ့်နေ့ရက်တွေကို ရင်ခုန်စွာနဲ့ နေ့တိုင်း ရေတွက်နေခဲ့ရှာတယ်။ ဒါပေမယ့်… ကျွန်တော် လွတ်ဖို့ ၄ လအလို နေ့တနေ့မှာတော့ ထောင်အရာရှိက ကျွန်တော့်ကို သူ့ရုံးခန်းထဲ လာခဲ့ဖို့ အကြောင်းကြားခဲ့ပါတယ်။


---


ရုံးခန်းထဲကို ရောက်သွားတဲ့အချိန်မှာ အစောင့်တွေ အများကြီး ရှိနေသလို၊ သူတို့ရဲ့ မျက်နှာအမူအရာတွေကလည်း တခုခု ထူးခြားနေတာကို သတိထားမိတယ်။ သူတို့က ကျွန်တော့်ကို ထိုင်ဖို့ အကြိမ်ကြိမ် ပြောကြပေမယ့် ကျွန်တော် ရင်ထဲ ထင့်နေတာမို့ မထိုင်မိဘူး။ နောက်ဆုံး သူတို့အရင် ဝင်ထိုင်ပြီးမှပဲ ကျွန်တော် လိုက်ထိုင်မိတော့တယ်။


ထောင်အရာရှိက ကျွန်တော့်ကို ကြည့်ပြီး “ဖုန်းခေါ်လို့ရတယ်” လို့ ခွင့်ပြုချက် ပေးခဲ့တယ်။


ကျွန်တော် ချက်ချင်းပဲ ညီမလေးဆီ ဖုန်းခေါ်လိုက်ပေမယ့်… သူ ဖုန်းမကိုင်ဘူး။ အဲဒီအချိန်မှာပဲ အရာရှိတယောက်က တိုးညှင်းပြတ်တောင်းတဲ့ အသံနဲ့—


“မင်းညီမ... ဆုံးသွားပြီ…” လို့ ပြောလိုက်တယ်။


ကျွန်တော် မယုံနိုင်ဘူး။ နားထဲမှာ ဝူးဝူးဝါးဝါးတွေ ဖြစ်သွားပြီး နှလုံးခုန်သံတောင် ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။ ဇွတ်မှိတ်ပြီး ဖုန်းကို ထပ်ခေါ်လိုက်မိပြန်တယ်။


ဒီတခါတော့ ဖုန်းတဖက်က ကိုင်လာသူဟာ အမေ ဖြစ်နေတယ်။ အမေ့ရဲ့ အသံဟာ တုန်ရီနေပြီး ငိုလွန်းလို့ အသံတွေလည်း ဝင်နေခဲ့ပြီ။


“သားရေ… ညီမလေး မရှိတော့ဘူး…” လို့ အမေ ပြောလိုက်တဲ့ တစက္ကန့်မှာပဲ ကျွန်တော့်ရဲ့ ကမ္ဘာတခုလုံး ပြိုကျပျက်စီးပြီး မှောင်မိုက်သွားခဲ့ရတယ်။ အမေက ဖြစ်သမျှ အကြောင်းအရာအားလုံးကို ရှိုက်ကြီးတငင် ငိုရင်း ပြောပြနေပေမယ့် ကျွန်တော့်မှာတော့ ဆွံ့အပြီး စကားတခွန်းမှ မပြောနိုင်တော့ဘူး။




အခြေအနေကို ကြည့်ပြီး ဘေးကလူတွေက—


“မင်း စိတ်သက်သာရာရအောင် ဘာလုပ်ပေးရမလဲ ”

“ဒါမှမဟုတ် တယောက်တည်း နေဖို့ သီးသန့်အခန်း ထဲ သွားချင်လား” လို့ လာမေးကြတယ်။


ဒါပေမယ့် ကျွန်တော် ဘာမှမလိုချင်တော့ဘူး။


ကျွန်တော် ခြေဦးတည့်ရာ ထောင်ဝင်းထဲကို ဆင်းလာခဲ့ပြီး လူသူကင်းဝေးတဲ့ ထောင့်တနေရာမှာ ပုံရက်သား ထိုင်ချလိုက်မိတယ်။ ပြီးတော့ ထိန်းထားသမျှ မျက်ရည်တွေ၊ ရင်ထဲက ပေါက်ကွဲမှုတွေကို မအောင့်နိုင်တော့ဘဲ အော်ဟစ်ငိုချလိုက်မိပါတော့တယ်။


အဲဒီအချိန်ဟာ… ကျွန်တော့်ရဲ့ တသက်တာမှာ အနာကျင်ရဆုံး၊ အစုတ်ပြတ်ဆုံးနဲ့ အမှောင်မိုက်ဆုံး အခိုက်အတန့်တခု ဖြစ်ခဲ့ရပါတော့တယ်။

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်