ကြေးမုံဝတ္ထုတိုကြီး - လွမ်းအောင်သူချွဲ မောင်ညစ်ကျယ် ရေးသည် ကြေးမုံ ၁၉၅၆ ဇန်နဝါရီလ

 



ကြေးမုံဝတ္ထုတိုကြီး - လွမ်းအောင်သူချွဲ 

မောင်ညစ်ကျယ် ရေးသည် 

(ပြန်ပေါင်းကြွေးပါဆိုသော ကြီးဒေါ်များအတွက်)

ကြေးမုံ ၁၉၅၆ ဇန်နဝါရီလ  


ခင်ရေ....

ကိုဖြင့် ခင့်ကိုဘယ်လို တောင်းပန် ရပါ့မလဲ ဆိုတာ စဉ်းစားလို့ မရနိုင် အောင်ပါပဲကွယ်။ တကယ်ဆိုတော့ အဲဒီနေ့တုန်းက မှားသွားတယ်။ ခင်အိမ်ပေါ်ကဆင်းသွားမှ ကို-မှားသွားပြီဆိုတာ သတိရတော့တယ်။ ကို့ဘဝဟာ ခင် မပါရင် မပြည့်စုံတော့ဘူးဆိုတာ ကိုအခုသိလာပါပြီ။ ကို့ကိုတယောက်ထဲပစ်မထားခဲ့နဲ့နော် အချစ်ဟုတ်လား။ ကိုဖြင့်လေ ညတိုင်းညတိုင်းခင်အုံးသွားတဲ့ ခေါင်းအုံးလေးကို ဖက်ဖက်ပြီးငိုရသေးတယ်။ ဩော်....ငါမိုက်တာ ငါမိုက်တာလို့ တွေးတွေးပြီး ကဲပါလေ ကိုတို့နှစ်ယောက် ပြန်ပေါင်းထုပ်ကြပါစို့ကွာနော်။ ခင် ကို့ဆီကို ပြန်လာမယ်မဟုတ်လားဟင်။ ကိုလဲ အရင်ကလို မမိုက်တော့ပါဘူး။ ကို့အတွက် ကို့ဘဝဟာ ခင်သာမရှိရင် အဓိပ္ပါယ် လုံးဝ မရှိဘူးဆိုတာ အချစ်ကလေး သိကောင်းပါရဲ့ကွယ်....ခင်မြန်မြန်ပြန်ခဲ့နော်အချစ်၊ ကိုမျှော်နေတော့မယ်။


ခင့်ကိုအမြဲတမ်းချစ်နေမည့်

ကို


P.S ဒါနဲ့ စကားမစပ် အရင်တပတ်က ခင်တွဲပွဲမှာနိုင်လို့ ငွေတသောင်း ကျော်ပွလာတယ်လို့ ခင့်ဒေါ်ဒေါ်က လာပြောတယ်လေ၊ ကိုဖြင့် ဝမ်း သာ လိုက်တာခင်ရယ် ခပ်မြန်မြန်ပြန်ခဲ့နော်အချစ်။

ကို

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်