ဘာရမလဲ − သာဝရယ် သောကြာ စာစောင် ၁၉၆၂ သြဂုတ်လ

 


ဘာရမလဲ − သာဝရယ်

သောကြာ စာစောင် ၁၉၆၂ သြဂုတ်လ

ဆရာဝန် ဦးပေးသီးသည် မည်သည့်လူနာကိုမဆို ပထမအကြိမ် စမ်းသပ်ကုသခအဖြစ် (ဆေးဘိုးအလွတ်) နှစ်ဆယ်ယူ၍၊ ကျန်အကြိမ်များ အတွက် တဆယ်၊ ငါးကျပ် အသီးသီးယူလေသည်။

အကြောင်းသိပြီးသော လူနာတယောက်ကမူ၊ အလုပ် အလွန်များ၊ လူနာအလွန်များသဖြင့် မှတ်မိနိုင်ရန် ခက်ခဲမည်ကို အကြောင်းပြု၍ ပထမအကြိမ် စမ်းသပ်ကုသခလွတ်မိစေအံ့၊ အကြံထုတ်မိရှာ၏။

“ကဲ… ဒေါက်တာရေ တကြိမ်တော့ထပ်လာပြန်ပြီခင်ဗျာ….”

အလုပ်များနေသော ဒေါက်တာကမူ တချက်မျှ အကဲခတ်ကြည့်ရှုပြီးနောက်… ချိုချိုသာသာပင်အကြံပေးရှာသည်။

“အာ… ခင်ဗျားကြည့်ရတာ အခြေအနေ ကောင်းလာ ပြီဘဲ၊ မထမ ကျွန်တော် ပေးထားတဲ့ဆေးဆက်သောက်ပါ ပျောက်မှာပါဘဲ။”

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်