ဖွါးဘက်တော်ပါ ဖြတ်လို့တဲ့ ရွှေမောင် ရေးသည် သောကြာ စာစောင် ၁၉၆၃ ဇန်နဝါရီလ


 ဖွါးဘက်တော်ပါ ဖြတ်လို့တဲ့ 

ရွှေမောင် ရေးသည် 


လူမှုဖူလုံရေးဆေးရုံတခုလုံးက သူ့ကိုမာမွတ် အုန်းသီး ဟုခေါ်ကြ၏။ သူ၏ နာ

မည် အရင်းမှာ မာမွတ်ဖြစ်သည်။ သူ့အလုပ်မှာ ငါးပွဲစားအလုပ်ဖြစ်၏။ သူ့ရောဂါကား သူ၏ ဖား

ဘက်တော် နှစ်လုံးကြီးထွားသောရောဂါပင်ဖြစ်သည်။ ကြီးထွားသည့် အတိုင်းအထွာကားဆိုလျှင် အုန်းသီး နှစ်လုံး ကို

ပေါင်ချံတွင်း၌ ကြိုးနှင့် ချည်၍ဆွဲထားသလား အောက်မေ့ ရအောင်ပင်ကြီးထွား လှတော့သည်။ သူပက်လက်လန်အိပ်နေပါက သူပေါင်ချံမှ အုန်းသီးနှစ်လုံးသည် တောင်ထွတ်များသဖွယ်မောက်၍နေတော့သည်။ သူလမ်းလျှောက်နေပါက အုန်းသီးများသည်ပုခက်လွှဲလျက် တပျော်တပါး ရှိနေ လေသည်။


သူဆေးရုံ ရောက်လာရင်း၏အကြောင်းကား- ဤအုန်းသီးများကို

ခွဲ၍ အတွင်းမှ ဆံချည် ထွေးများကိုထုတ်ပစ်ရန်အတွက် ရောက်လာခြင်း

ဖြစ်လေသည်။ ဆေးရုံ ရောက်သည်မှာလည်း မည်သို့မည်ပုံ ရောက်၍၊

မည်သူက တင်ပေးသည်မသိ၊ ကျွန်တော့ကုတင်ဘေးရောက်မှ သူလည်း

လူနာ တယောက် ပါလားဟု သိရလေသည်။


သူဆေးရုံရောက်သည်။ သက်ဆိုင်ရာ ဆရာဝန်များ သွေးစစ်သည်။ အခြားရောဂါဘယများ စမ်းသပ်သည်။

သူ့အမွေးအမှင်များကို ပယ်ရှားသည်နှင့် သူ့မှာ အုန်းသီး ခွဲရန် အတွက်လေးရက်ခန့်ပင် ကြာရလေသည်။ ထို

လေးရက်အတွင်း၌ မည်သူ တဦးတယောက်မှ မာမွတ်ကို မေးမည့် စမ်းမည့်သူ မရှိချေ။


သူကား တကိုယ်ထည်းသမားဟုထင်ကာ ကျွန်တော့်တွင်ရှိသည့်၊ သူစားသည့် အစားအစာများကို ခွဲဝေပေးခြင်း၊ ကျွန်တော် မကြိုက် သည့်လဘက်ရည်ကို သူ့အား သောက်စေခြင်းဖြင့် သူနှင့် ကျွန်တော် မိတ်ဆွေဖြစ်သွားတော့သည်။


လေးရက်ပြီးဆုံး၍ ငါးရက်မြောက်နေ့၌ မာမွတ်၏ အုန်းသီးမှာ ကွဲရတော့သည်။ သူ၏အုန်းသီးမှာ ကြီးမားလွန်းသဖြင့် ခွဲပြီးသကာလ၌ မာမွတ်သည် သတိ မရတချက်၊ ရတချက်နှင့် ကျွန်တော့် ကုတင်ဘေးတွင်

ညည်းလျက်ရှိလေသည်။ သို့ဖြင့် ကျွန်တော်မှာ သူ၏ သူနာပြု ဖြစ်ရပြန်သည်။ မာမွတ်က ရေဆိုလျှင် ရေခပ်ပေးရပြီး၊ ဆိုဒါသောက်ချင်တယ် ဆိုပါက ဆိုဒါ အဝယ်ခိုင်းရပြန်တော့သည်။


နောက်နေ့ နောက်နေ့ များတွင်လည်း မာမွတ်မှာ ခံဘက်ကပင် နေရပြန်သည်။ သူ၏အုန်းသီးကွဲကို ဆေးထည့်ပါက သူ့မှာ အလူးအလဲခံရပြန်သည်။ အော်ရ ဟစ်ရသည်။ သူ၏အော်ပုံမှာ ဆန်းလှ၏။ ဆရာမကဆေးတချက်တို့လိုက်ပါက ‘အမား’တချက်တို့လိုက်ပါက ‘အမား’ ဟူ၍ဖြစ်တော့သည်။


တနေ့တွင် အဖိုးကြီး လူနာတယောံက သူ့ကိုငေါက်တော့သည်။


“ခွေးကုလား၊ အမား... အမားနဲ့ မအော်နဲ့၊ နင်နာရင် ဘုရား... ဘုရားလို့ အော်၊ နင့်ကိုဘုရားမှသာ မနာအောင်လုပ်နိုင်တယ်၊ နင့် အမားက မနာအောင် မလုပ်နိုင် ဘူး၊ ဒါကြောင့် နောက်ကို ဆေးထည့်တိုင်းဘုရား တ ရမယ်” ဟူ၍ ကြိမ်းလေတော့သည်။


နောက် ဆေးထည့်သည့် အခါတွင် မာမွတ်က အကွန့်ကလေး ပါလိုက်သေး၏။

သူအော်ပုံကား - ‘မရမာဘုရားကယ်ပါ’ ဟု အော်တော့၏။


ကျွန်တော်တို့မှာ တကောင်ကြွက်ကလေး မာမွတ်ကို ပျင်းလျှင် စရသည်။

ဆရာမတွေ နောက်ချင်လျှင် မာမွတ်ကို စကားသင်ပေးကာ မြှောက်ပေးရသည်။

ဆေးရုံကြီးတခုလုံးကား မာမွတ်သာလျှင် လူရွှင်တော်ဖြစ်သည်။

မာမွတ်ကား တို့ထက် လူရွှင်တော်လုပ်လိုက်သည့် အတွက် ဆရာဝန်များပင် မျက်လုံးပြူးသွားသည့် ပြဿနာတခုနှင့်ကြုံရလေ၏။


တကောင်ကြွက်ကလေးဟု ထင်နေရသော မာမွတ်ထံသို့ တနေ့တွင်

ကုလားမချောချောများလာ၍ လူနာမေးကြသည်။ 

ကုလားလို မေးစမ်းအပြီးတွင် ထိုအထဲမှ အချောဆုံး ကုလားမမှာ ချုံးပွဲချ၍ ငိုတော့သည်။

အမအကြီးဆုံးငိုတော့လဲ အငယ်များကပါ လိုက်ငိုတော့သည်။ ဆေးရုံ လူနာများကလည်း သူတို့အတွင်းရေးမို့ကြားမဝင်နိုင်၊ ပွဲကြည့် ပရိသတ် အနေနှင့်သာနေရတော့၏။


ကုလားမ များမှာ ဆေး ရုံ ဧည့်သည်များ ပြန်ချိန်ရောက်သော်လည်းမပြန်သဖြင့် ဆရာမ များက နှင်ထုတ်သည်အထိမပြန်သေး၊ ကျွန်တော်တို့ဇာတ်လိုက် မာမွတ်ကား ခပ်တည် တည်ပင်၊ သို့ဖြင့် ဆေးရုံအုပ် ဆရာဝန်ကြီး ကိုယ်တိုင် ဧည့်သည်များကိုအပြင်ထုတ်ပြီး ပြဿနာ ရှင်းလိုက်ရတော့သည်။


မာမွတ်အုန်းသီး၏ အရပ်ကပါဝိုင်းရှင်းပေးလိုက်ရသောပြဿနာကတော့- 

သူ၏အုန်းသီး ခွဲသည့်ကိစ္စကိုဇနီးချောက ကျန်းမာရေး အခြေအနေလာမေး၏။ 

မာမွတ်ကရက်အကြာကြီးနေမှ မေးရပါမည်လားဟု စိတ်ဆိုးကာ သူ၏ အုန်းနှစ်လုံး 

အပြင်ဘွားဘက်တော်ပါတခါတည်း ဖြတ်ပစ် လိုက် ကြောင်း ဇနီးသည်အားမုသား ပြောလိုက်သည် ဆိုသတတ်။


ရွှေမောင်

သောကြာ စာစောင် ၁၉၆၃ ဇန်နဝါရီလ  

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်