အကြံပိုင်ပါပေ့ဗျား သီရိ (ဘုတလင်) ဖေါ်စပ်သည် သောကြာ စာစောင် (၁၉၆၂ ခုနှစ်၊ ဇွန်လ)

 


အကြံပိုင်ပါပေ့ဗျား

ကလောင်အမည်: သီရိ (ဘုတလင်) ဖေါ်စပ်သည်။


ထုတ်ဝေမှု: သောကြာ စာစောင် (၁၉၆၂ ခုနှစ်၊ ဇွန်လ)

ကျောက်သင်ပုန်းပေါ်မှ ပုစ္ဆာဆန်း

မုံရွာ အမှတ်(၁) အထက်တန်းကျောင်းတွင် နေ့စဉ်ကဖြစ်၏။ တနေ့တွင် ကျောက်သင်ပုန်းကြီး (Black Board) ပေါ်၌ မည်သူရေးထားသည်မသိရသော ဂဏန်းတပုဒ်ကို တွေ့ကြရသည်။ စျေးတွက်ထက်ပင် ဂဏန်းကိုင်များလှသော ပုစ္ဆာဖြစ်ရုံမျှမက၊ အောက်ပိုင်းတွင် (စျေးသွားသူသို့....) ဟု ညွှန်းထားလိုက်သေးသည်။

ပေးထားသော ပုစ္ဆာ၏ဂဏန်းမှာ -

( ၀၆၀၆၇၅၄၇၇၅၆၄၇၇ ) ဝယ်ခဲ့ပါတဲ့။

အတည်ပေါက်လို ရေးသားသည့် အနှီပုစ္ဆာကို ကျနော်တို့တတွေ အမျိုးမျိုး ဖတ်ကြည့်ကြသည်။ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ စသည်စသည်ဖြင့် ဖြစ်၏။

လူပြိန်းအမြင်နှင့် အဖြေရှာပုံ

ထိုသို့ရှိခိုက် တထောင့်တွင် ထိုင်နေသော ငနဲသားတယောက်က (သူရေးထားသလားတော့မသိ) ဟဲ့ ဟဲ့.... လုပ်ကာ -

“အမယ် ပြင်ယှိညာတွေ အဖတ်ခက်နေပြီထင်တယ်၊ ဒါလွယ်ပါတယ်ဗျာ့....။ ဝေဝေ့ကိုငမ်းနေသူ တယောက်ယောက်က ပိုင်စိုးပိုင်နင်း ရေးထားတာနေမှာ။ ကြည့်ပါလား.... ဝေဝေရေ၊ ငါးလေးရရ၊ ငါးခြောက်လေးရရ၊ ပါတဲ့.... အဟီး....ဟီး....”

အဲဒါနဲ့တွေ့ရကတည်းက ငယ်ငယ်တုန်းက ကြားဖူးခဲ့သည့် (မကရင်မ ကရင်ကမကရင်ကရင်ကြီးကရိုက်လိမ္မယ်) ဆိုတာထက်ပင် ပို၍ ရယ်ရပါတော့သည်။



Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်