အဖြေမှန် သောကြာ စာစောင် ၁၉၆၂ အောက်တိုဘာလ (ဥာဏ်ကြီးရှင် သောကြာသား )



 အဖြေမှန်

သောကြာ စာစောင် ၁၉၆၂ အောက်တိုဘာလ 

 (ဥာဏ်ကြီးရှင် သောကြာသား )


ဥပဒေသင်တန်း၌ ဗုဒ္ဓဘာသာတို့၏ ဥပဒေကို သင်ကြားရာတွင် ဆရာက မြန်မာယောက်ျားတယောက်သည် ဗုဒ္ဓဘာသာဥပဒေအရ၊ မိန်းမတယောက်ထက် ပိုယူနိုင်ကြောင်း၊ သို့ရာတွင် မယားကြီး၏ သဘောတူညီချက်ရမှ ယူနိုင်ကြောင်း၊ မယားကြီး၏ သဘောတူညီချက် မရဘဲ မယားငယ်ယူနိုင်သောအခါမှာ၊ မယားကြီးတွင် ကုသ၍မရနိုင်သော ရောဂါဆိုးကပ်ညှိနေမှသာ၊ ၎င်း၏ခွင့်ပြုချက်မရဘဲ မယားငယ်ယူနိုင်ကြောင်း သင်ပြထားပါသည်။ စာမေးပွဲတွင် ဆရာက—


“လူတယောက်သည် မယားကြီး၏ သဘောတူညီမှုမရဘဲ မည်သည့်အခါတွင် မယားငယ်ယူနိုင်သနည်း” ဟု မေးခွန်းမေးရာ ကျောင်းသားပညာရှိတဦးက ယထာဘူတ နည်းလမ်းကျနစွာဖြင့်—


“မယားငယ်က မယားကြီးထက် ပိုချောနေလျှင် ယူနိုင်ပါသည်” ဟု ဖြေခဲ့သဖြင့် မှန်လွန်းသောအဖြေကြောင့် ဆရာဖြစ်သူမှာ အမှတ်ပေးခက်ခဲ့ရလေသည် ဟူသတတ်။


ဝင်းမြင့်နောင်(ရန်ကုန်တက္ကသိုလ်)

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်