ပြာလာကြီးပါလား မြတ်မိုးမြင့် (မောင်သောင်း) ငွေတာရီမဂ္ဂဇင်း (၁၉၇၁ မတ်လ)




 ပြာလာကြီးပါလား

မြတ်မိုးမြင့် (မောင်သောင်း)

ငွေတာရီမဂ္ဂဇင်း (၁၉၇၁ မတ်လ)



တခါကရွာတရွာတွင် အလွန် ရိုးအ,လွန်းသော လူတယောက်ရှိ၏။ သူ့ကိုတရွာလုံးကလူဖျင်းဟုခေါ် ၏။ အလုပ်လည်း မယ်မယ်ရရ မလုပ်သဖြင့် လူပျင်း ဟုလည်း ခေါ်ကြ၏။ မိဘများမှာ တောသူဌေးများ ဖြစ်၍ တဦးတည်းသောသားကို မြောက်စား ကြ၏။ သို့ကြောင့် မောင်အ,မှာ ဘဝင်မြင့်ကာ စာလည်း မသင် မည်သူ့ကိုမျှလည်းအပေါင်းအသင်းမလုပ်ချေ။ ထို့ကြောင့် အသိပညာ ဗဟုသုတ အနည်းငယ်မျှမရှိချေ။တနေ့တွင် မိဘများက မောင်အ,အတွက် လက်စွပ်လုပ်ပေးရန် နီလာကျောက်တလုံး ဝယ်ခဲ့၏။ ပြာလဲ့လဲ့အရောင်ဖြင့် အလွန်လှသောနီလာကို သားအားပြသ၏။ ရွာသားများလည်း မောင်အ,ကိုပြောင် ကျီစယ်လို၍၎င်း၊ နီလာကို ကြည့်ရန်၎င်း၊ စိတ်ကူး အမျိုးမျိုးဖြင့် နီလာကျောက်ကို လာကြည့်ကြလေ၏။ မောင်အ,မှာ နီလာကိုမြင်သော် “တော်ဘီဗျာ...မလို ချင်ဘူး၊ နီလာမှမဟုတ်ဘဲ၊ ပြာလာကြီး”ဟု ပြန်ပြော လိုက်သောဟူ၏။


မြတ်မိုးမြင့် (မောင်သောင်း)

ငွေတာရီမဂ္ဂဇင်း (၁၉၇၁ မတ်လ)

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်