သူကသေမှာစိုးလို့ ပြေးတာ စန်းလွင်ဦး ငွေတာရီမဂ္ဂဇင်း (၁၉၇၁ မတ်လ)


 သူကသေမှာစိုးလို့ ပြေးတာ

စန်းလွင်ဦး

ငွေတာရီမဂ္ဂဇင်း (၁၉၇၁ မတ်လ)

တခါက တောအုပ်တခုတွင် ဓမြတစုခိုအောင်း၍ တောအုပ်ကိုဖြတ်သန်းသွားသော ခရီးသည်များအား ဆီးကြို၍ တိုက်ခိုက်လေ့ရှိလေသည်။


တနေ့တွင် ရွာတရွာသို့သွားမည့် ခရီးသည်တဦးသည် ထိုတောအုပ်အနီးမှ ဖြတ်သန်းသွားမိ၏။ ဓမြတဦးက တောအုပ်ထဲမှထွက်ကာ ထိုခရီးသည်နောက်သို့ ပစ္စည်းလုရန် အတင်းလိုက်လေသည်။ ခရီးသည်လည်း ဓမြမှန်းသိကာ ကြောက်အားလန့်အားနှင့် အတင်းပြေးလေသည်။


သို့နှင့် ဓမြက နောက်မှလိုက်၊ ခရီးသည်က ရှေ့ကပြေးနှင့်ရှိ၏။ တဖြည်းဖြည်း ရွာတရွာအနီးသို့ရောက်သွားရာ ဓမြမှာ ဆက်မလိုက်ရဲတော့ဘဲ မိမိအဖော်များရှိရာ တောအုပ်သို့ပြန်လာခဲ့လေသည်။ ထိုအခါ ဓမြ ဗိုလ်ကြီးက ပစ္စည်းပါမလာဘဲ ပြန်လာသော ဓမြကို ကြိမ်းမောင်းလေသည်။ ထိုအခါ ဓမြက ပြန်ပြောလိုက်သည်မှာ...


“ကျုပ်က ပစ္စည်းလိုချင်လို့ လိုက်တာ၊ သူက သေမှာစိုးလို့ပြေးတာ၊ ဘယ်လိုက် နိုင်မလဲ” ဟု ဖြစ်လေသတည်း။

စန်းလွင်ဦး

ငွေတာရီမဂ္ဂဇင်း (၁၉၇၁ မတ်လ)


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်