သူ့အဖြေ ရေးသားသူ - စန်း (ပုလဲမြေ) မြန်မာရိုးရာဟာသ ငွေတာရီမဂ္ဂဇင်း ၁၉၇၀ ဧပြီလ
သူ့အဖြေ
ရှေးက ရွာတရွာတွင် ဦးဘောဂဆိုသူ၌ သူရင်းငှားနှစ်ယောက်ရှိလေသည်။ တနေ့တွင် ဦးဘောဂ
သည် သူရင်းငှားနှစ်ယောက် အလုပ် လုပ် မလုပ် သိလို၍ သူရင်းငှားနှစ်ယောက်ရှိရာ နောက်ဖေး စပါး
ကျီသို့ တိတ်တဆိတ်ထွက်လာခဲ့သည်။ ထိုအချိန်တွင်သူရင်းငှားနှစ်ယောက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေ
ခိုက်ဖြစ်သည်။ ဦးဘောဂမှာ စိတ်ဆိုး အော်ဟစ်သဖြင့် သူရင်းငှားနှစ်ယောက်လည်း လန့်ဖျပ်ကာနိုးလာ
ကြလေသည်။
ဦးဘောဂသည် သူရင်းငှား တယောက်အား....“မင်းဘာလုပ်နေတာလဲ” ဟု မေးလိုက်ရာ ထိုသူ
က ကျွန်-ကျွန်တော် အိပ်ပျော်သွားလို့ပါ” ဟု ဖြေ လိုက်၏။
ထိုအခါ ဦးဘောဂက နောက် သူရင်းငှား တယောက်အား ရှေးနည်း အတိုင်း မေးလိုက်ပြန်၏။
ထိုသူရင်းငှား၏အဖြေကို ကြားရသောအခါ ဦးဘောဂသည် စိတ်မထိန်းနိုင်ဘဲ ထရိုက်မိသောဟူ၏။ ထို
သူ၏ အဖြေကတော့-....
“ကျွန်-ကျွန်တော် သူ့ကိုကူညီနေတာပါ” ဟူ၍ပထမ သူရင်းငှားကို လက်ညှိုးထိုး၍ ဖြေသည် ဟု
သတည်း။
စန်း (ပုလဲမြေ)
မြန်မာရိုးရာဟာသ
ငွေတာရီမဂ္ဂဇင်း ၁၉၇၀ ဧပြီလ
Comments
Post a Comment