ကမ္မဋ္ဌာန်းမမှတ်လို့ ရွှေကျွန်းမြေ-ကျော်ကျော် ငွေတာရီမဂ္ဂဇင်း (၁၉၇၁ ဩဂုတ်လ)
ကမ္မဋ္ဌာန်းမမှတ်လို့
ရွှေကျွန်းမြေ-ကျော်ကျော်
ငွေတာရီမဂ္ဂဇင်း (၁၉၇၁ ဩဂုတ်လ)
တခါက ကမ္မဋ္ဌာန်း အသင်အပြ ကောင်းသော ရဟန်းတော်တပါးရှိ၏။ တနေ့တွင် တကာမတယောံသည် လှူဖွယ်ဝတ္ထု အစုစုနှင့်လာပြီး ကမ္မဋ္ဌာန်း သင်ပြပေးရန် လျှောက်ထား၏။ ဆရာရဟန်းက ကမ္မဋ္ဌာန်းသင်မယ်၊ နောက်က လိုက်ဆိုဟု ပြောပြီး ‘ကေသာ-ဆံပင်’ ဟုဆို၏။ တကာမကြီးကလဲ ‘ကေသာ ဆံပင်’ ဟု လိုက်ဆို၏။ ‘လောမာ- အမွေး’ ဟု ဆိုပြန်ရာ ‘လောမာ အမွေး’ ဟု ဆိုသည်။ ထို့နောက် ‘နခါ-ခြေသည်း လက်သည်း။ ဒန္တာ-သွား။ တစော-အရေ။ မံသံ-အသား’ ဟု ဆိုသောအခါ တကာမကြီးက....
“ကိုယ်တော်နှယ်... ကမ္မဋ္ဌာန်း သင်ပေးပါဆိုမှ တပည့်တော်မှာရှိတာတွေချည်း လျှောက်ပြောနေတော့တာကိုး” ဟု ဆိုကာ ထသွားလေသတည်း။
ရွှေကျွန်းမြေ-ကျော်ကျော်
ငွေတာရီမဂ္ဂဇင်း (၁၉၇၁ ဩဂုတ်လ)
Comments
Post a Comment