ချစ်မူးနေသော ခြင်္သေ့ (အီစွတ် ပုံပြင်များ)

 



The Lion in Love (ÆSOP’S FABLES )

ချစ်မူးနေသော ခြင်္သေ့ (အီစွတ် ပုံပြင်များ)


တခါက ခြင်္သေ့တကောင်သည် သစ်ခုတ်သမားတဦး၏ သမီးဖြစ်သူကို လက်ထပ်ရန် တောင်းဆိုခဲ့သည်။ သစ်ခုတ်သမားဖခင်သည် သမီးကိုပေးစားရန် ဆန္ဒမရှိသော်လည်း ခြင်္သေ့၏တောင်းဆိုမှုကို ငြင်းပယ်ရန် ကြောက်ရွံ့နေမိသည်။ ထို့ကြောင့် သူသည် ခြင်္သေ့၏နှောင့်ယှက်မှုမှ ကင်းဝေးစေရန် နည်းလမ်းကောင်းတခုကို ကြံစည်လိုက်လေသည်။


သစ်ခုတ်သမားက ခြင်္သေ့အား "ငါ့သမီးက မင်းရဲ့ စွယ်တွေနဲ့ လက်သည်းတွေကို သိပ်ကြောက်တာ၊ ဒါကြောင့် အဲဒါတွေကို အရင်နှုတ်ပစ်မယ်ဆိုရင်တော့ ငါ့သမီးနဲ့ ပေးစားဖို့ သဘောတူပါတယ်" ဟု အခြေအနေတရပ် တင်ပြခဲ့သည်။


ခြင်္သေ့သည်လည်း အချစ်မူးနေသဖြင့် ထိုအဆိုပြုချက်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။ သို့သော် အစွယ်လည်းမရှိ၊ လက်သည်းလည်းမရှိတော့သော ခြင်္သေ့သည် သစ်ခုတ်သမားထံ တဖန်ပြန်လာသောအခါတွင်မူ... သစ်ခုတ်သမားသည် ခြင်္သေ့ကို ကြောက်စရာမလိုတော့သဖြင့် သူ၏ တုတ်ဖြင့် ရိုက်နှက်ကာ တောထဲသို့ မောင်းထုတ်လိုက်လေတော့သည်။


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်