အချစ်ုသီချင်းကို သီဆိုခဲ့သည့်အတွက် ထောင်ကျခဲ့သူ—ယနေ့တွင် ပြန်လည်တောက်ပလာသူ



Nguyễn Văn Lộc ကို ၁၉၄၅ ခုနှစ်တွင် ဟနွိင်းမြို့တွင် မွေးဖွားခဲ့သည်။ ထိုကာလတွင် မြို့သည် ချစ်ခြင်း၊ လွမ်းဆွတ်မှုနှင့် မူလနေရာအပေါ် သတိရမှုတို့ကို ပြောဆိုသည့် နူးညံ့သည့် တေးဂီတများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ကလေးဘဝမှစ၍ ထိုသို့သော သီချင်းများကို နှစ်သက်လွန်းခဲ့သည်။ သူ့အတွက် အဆိုပါ သီချင်းများမှာ နိုင်ငံရေးမဟုတ်ဘဲ လူသားတို့၏ ခံစားချက်ကိုသာ ပြောပြသော အရာများဖြစ်သည်။

ဗီယက်နမ်စစ်ပွဲကာလအတွင်း ထိုသို့သော သီချင်းများသည် အန္တရာယ်ဖြစ်လာခဲ့သည်။ အာဏာပိုင်များက ၎င်းတို့ကို “အဝါရောင်ဂီတ” ဟု ခေါ်ဆိုကာ လူများ၏ စစ်ရေးစိတ်ဓာတ်ကို လျော့နည်းစေမည်ဟု ယူဆခဲ့သည်။ သို့သော် လော့ခ်သည် မငြင်းခုံဘဲ သီချင်းများကို ဆက်လက်ဆိုခဲ့သည်။ အစောပိုင်းတွင် မိတ်ဆွေများနှင့် လက်ဖက်ရည်အိုးဘေးတွင် တိတ်တဆိတ် စုဝေးကာ သီဆိုခဲ့ပြီး နောက်ပိုင်းတွင် ပိုမို လျှို့ဝှက်စွာ ဆက်လက်ပြုလုပ်ခဲ့သည်။

၁၉၆၈ ခုနှစ်တွင် သူကို ဖမ်းဆီးခဲ့သည်။ သက်သေပြချက်များ မရှိသလောက်ပင် ဖြစ်သော်လည်း သံသယများကြောင့် ထောင်ဒဏ် ချမှတ်ခံရသည်။ နောက်ဆုံးတွင် ဆယ်နှစ်ထောင်ဒဏ် ချမှတ်ခံရပြီး၊ အခြားသူများက တီးဝိုင်းသာ တီးနေစဉ် သူက သီဆိုသူဖြစ်ခြင်းကြောင့် ပိုမိုပြင်းထန်စွာ အပြစ်ပေးခံရသည်။

ထောင်တွင် အလုပ်ကြမ်းများ လုပ်ကိုင်နေစဉ် အစောင့်များက အနည်းငယ် သက်သာသော အခြေအနေများရရန် တော်လှန်ရေးသီချင်းများ ဆိုရန် တောင်းဆိုခဲ့သည်။ အချို့လူများ လိုက်နာခဲ့သော်လည်း လော့ခ်က မလိုက်နာခဲ့ပေ။ ထိုအစား သူသည် အလုပ်ကြမ်းများကို ဆက်လက်ခံယူခဲ့ပြီး၊ တယောက်တည်းရှိချိန်များတွင် မြေကြီးကို အနည်းငယ် တူးကာ ထိုထဲသို့ သီချင်းများကို တိတ်တဆိတ် ဆိုပြီး ပြန်ဖုံးပိတ်လိုက်သည်။ ထိုသည်မှာ သူ့အတွက် သီချင်းများကို အသက်ရှင်စေသည့် နည်းလမ်းဖြစ်သည်။

၁၉၇၆ ခုနှစ်တွင် သူကို လွှတ်ပေးခဲ့သော်လည်း လွတ်လပ်မှုသည် အပြည့်အဝ မဟုတ်ခဲ့ပါ။ နှစ်ပေါင်းများစွာအတွင်း သူသည် ဖျော်ဖြေရန် ခွင့်ပြုချက် မရရှိခဲ့ဘဲ စားသောက်ဆိုင်များကို ဖွင့်လှစ်လည်း ပိတ်ပင်ခံရခဲ့သည်။ သို့သော် သူသည် မရပ်တန့်ခဲ့ပေ။ အမြဲတမ်း အသင့်ရှိနေပြီး သီချင်းများကို မမေ့မလျော့ ဆက်လက်လေ့ကျင့်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဗီယက်နမ်နိုင်ငံသည် ပြောင်းလဲလာခဲ့သည်။ တားမြစ်ချက်များ တဖြည်းဖြည်း လျော့နည်းလာပြီး ယခင်က တားမြစ်ထားသော သီချင်းများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ လော့ခ်သည် ထိုသီချင်းများကို မစွန့်လွှတ်ခဲ့သောကြောင့် ယခုတွင် အဟောင်းတခေတ်၏ ယဉ်ကျေးမှုကို ထိန်းသိမ်းသူတဦးအဖြစ် မြင်တွေ့လာကြသည်။

၂၀၁၇ ခုနှစ်တွင် သူသည် ဟနွိင်း အော်ပရာဟောလ်တွင် ပြန်လည် သီဆိုခွင့် ရရှိခဲ့သည်။ ယခင်က သူ့ကို တရားရုံးတွင် အပြစ်တင်ရန် အသုံးပြုခဲ့သော သီချင်းများကို ယခုတွင် လွတ်လပ်စွာ ပြန်လည် သီဆိုနိုင်ခဲ့သည်။ ထိုအချိန်ကို သူသည် အောင်မြင်မှုအဖြစ် မဟုတ်ဘဲ ကိုယ်ပိုင်ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်ခဲ့ခြင်းအဖြစ် မြင်ခဲ့သည်။

ယနေ့ ၂၀၂၆ ခုနှစ်တွင် အသက် ၈၁ နှစ်ရှိသော သူသည် မိတ်ဆွေများနှင့် အခန်းငယ်များတွင် သီဆိုနေဆဲဖြစ်သည်။ အချို့လူများက အဝေးမှ အွန်လိုင်းမှတဆင့် ကြည့်ရှုနားထောင်ကြသည်။ ယခုအခါ သူ့ကို တားဆီးမည့်သူ မရှိတော့ပါ။ အထင်ကြီးစရာ ကြီးမားသည့် အောင်မြင်မှုမဟုတ်သော်လည်း၊ မဖုံးကွယ်ဘဲ သီဆိုနိုင်ခြင်းသည် သူ့အတွက် အလင်းရောင်ဖြစ်လာခဲ့သည်။

သူသည် ခေတ်နှင့်လိုက်လျောအောင် မပြောင်းလဲခဲ့ပါ။ အသံကိုလည်း မပြောင်းခဲ့ပါ။ သို့သော် သူသည် ဆက်လက် တည်ရှိခဲ့သည်။ နောက်ဆုံးတွင် ကမ္ဘာကြီးက တဖြည်းဖြည်း ပြောင်းလဲလာပြီး တခါက သူ့ကို အပြစ်ပေးခဲ့သော သီချင်းများအတွက် နေရာတခုကို ပြန်လည် ဖန်တီးပေးခဲ့သည်။

NY time ကို ကိုးကားသည် 

https://www.nytimes.com/2026/04/12/world/asia/vietnam-singer-prisoner.html?smid=url-share


Comments

Popular posts from this blog