ခေတ်သစ်ရင်ခုန်သံ - အချစ်ပုံပြင်ငယ်လေးများ (New York Times မှ)

သကာဖုံးသော အချစ် (Caramel Crush)

သူ့ရဲ့ ဘာရစ်စတာ (Barista) တယောက်အနေနဲ့ ကျွန်မ မသိမသာ မနေခဲ့ပါဘူး။ သူသောက်တဲ့ လတ်တေး (Latte) ကော်ဖီပေါ်မှာ ကာရမဲလ်နဲ့ အသည်းပုံလေးတွေ ဖော်ပေးတယ်၊ ခွက်ပေါ်မှာလည်း ကျွန်မဖုန်းနံပါတ် ရေးပေးခဲ့တယ်။ "ကျွန်မတို့ တချိန်ချိန် အပြင်သွားကြရအောင်လေ" လို့လည်း ကျွန်မ ပြောခဲ့ဖူးတယ်။ တကြိမ်မကပါဘူး။ ဒါပေမဲ့ သူကတော့ ကျွန်မကို ဖော်ဖော်ရွေရွေရှိလှချေလားလို့ပဲ ထင်နေခဲ့တာပါ။

ကိုယ့်ဘက်က ချဉ်းကပ်မှုတွေက အရာမထင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ယိုင်နဲ့လာတဲ့နောက်မှာတော့... နောက်ဆုံးတခေါက်အနေနဲ့ ကျွန်မ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ဒီနားက ဝတ်စုံဟောင်း အရောင်းဆိုင်လေးရဲ့ ဖက်ရှင်ရှိုးမှာ ကျွန်မ ပါဝင်လျှောက်ဖို့ ရှိတယ်၊ ရှင် လာကြည့်သင့်တယ်နော်"

"အင်း... လာဖြစ်မှာပါ..."

အဲဒီည "စင်မြင့်" ပေါ်မှာ လျှောက်လှမ်းနေရင်း သူ့ကို ကျွန်မ လိုက်ရှာမိတယ်။ အရိပ်အယောင်တောင် မတွေ့ရပါဘူး။ အပြင်ဘက်မှာ သူငယ်ချင်းတွေနဲ့အတူ စိတ်ပျက်လက်ပျက် စကားပြောရင်း "ငါတို့က ရေစက်မပါဘူး ထင်ပါရဲ့ဟာ" လို့ ကျွန်မ ပြောလိုက်မိတယ်။

အဲဒီအချိန်မှာပဲ ကျွန်မပခုံးကို တယောက်ယောက်က တို့လိုက်သလို ခံစားလိုက်ရတယ်။

"ကျွန်တော် နောက်ကျသွားပြီလား?"

"မနောက်ကျပါဘူး... လုံးဝမနောက်ကျပါဘူး။"

Credit: Modern Love - Tiny Love Stories: New York Times 

https://www.nytimes.com/2026/04/08/style/tiny-modern-love-stories-oh-to-be-loved-like-that.html?smid=url-share

Comments

Popular posts from this blog