တချိန် တုန်း က အမေရိကန် ဆို တာ Cross of Iron (သံလက်ဝါးကပ်တိုင်) မိန့်ခွန်း မှ ကောက်နှုတ်ချက်

 



တချိန် တုန်း က အမေရိကန် ဆို တာ 

Cross of Iron (သံလက်ဝါးကပ်တိုင်)  မိန့်ခွန်းဟု  လူသိများသည့်

အမေရိကန်သမ္မတ ဒွိုက် ဒီ အိုင်ဆင်ဟောင်ဝါ

(Dwight D. Eisenhower) မှ

၁၉၅၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည့်

မိန့်ခွန်းဖြစ်ပါသည်


"Cross of Iron (သံလက်ဝါးကပ်တိုင်)" မိန့်ခွန်းဟုလည်း

လူသိများသည့် "The Chance for Peace

(ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်း)" မိန့်ခွန်းမှာ

အမေရိကန်သမ္မတ ဒွိုက် ဒီ အိုင်ဆင်ဟောင်ဝါ

(Dwight D. Eisenhower) မှ ၁၉၅၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်

နေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းဖြစ်ပါသည်။

ယင်းမိန့်ခွန်းကို ဆိုဗီယက်ခေါင်းဆောင်

ဂျိုးဇက် စတာလင် (Joseph Stalin)

ကွယ်လွန်ပြီးနောက် မကြာမီအချိန်တွင်

ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။



ထုတ်လုပ်လိုက်တဲ့ သေနတ်တိုင်း၊ ရေချလိုက်တဲ့

စစ်သင်္ဘောတိုင်းနဲ့

ပစ်လွှတ်လိုက်တဲ့ ဒုံးပျံတိုင်းဟာ နောက်ဆုံးမှာတော့

ဆာလောင်နေပြီး

၏အစာမဝသူတွေ၊

ချမ်းအေးနေပြီး အဝတ်မရှိသူတွေဆီကနေ

ခိုးယူလိုက်တာပဲ ဖြစ်ပါတယ်။


ဒီလို လက်နက်တွေ တပ်ဆင်နေတဲ့

ကမ္ဘာကြီးဟာ ငွေကြေးတခုတည်းကိုပဲ

အသုံးပြုနေတာ မဟုတ်ပါဘူး။

အလုပ်သမားတွေရဲ့ ချွေးနှဲစာ၊

သိပ္ပံပညာရှင်တွေရဲ့ ဉာဏ်ပညာနဲ့

ကလေးငယ်တွေရဲ့ မျှော်လင့်ချက်တွေကိုပါ

အသုံးပြုနေတာ ဖြစ်ပါတယ်။


ခေတ်မီ ဗုံးကြဲလေယာဉ်ကြီး တစင်းရဲ့ တန်ဖိုးဟာ

မြို့ပေါင်း ၃၀ ကျော်မှာ

ဆောက်လုပ်နိုင်တဲ့ ခေတ်မီအုတ်ကျောင်းဆောင်တွေနဲ့

ညီမျှပါတယ်။

လူဦးရေ ၆ သောင်းရှိတဲ့ မြို့တမြို့ကို လျှပ်စစ်မီးပေးနိုင်တဲ့

ဓာတ်အားပေးစက်ရုံ

နှစ်ရုံရဲ့ တန်ဖိုး ဖြစ်ပါတယ်။ အဆင့်မြင့်

ဆေးရုံကြီး နှစ်ရုံရဲ့ တန်ဖိုး ဖြစ်သလို၊

မိုင် ၅၀ ရှည်တဲ့ ကွန်ကရစ်လမ်းရဲ့ တန်ဖိုးလည်း ဖြစ်ပါတယ်။


တိုက်လေယာဉ် တစင်းအတွက် ဂျုံစပါး တင်းပေါင်း ငါးသိန်းနဲ့

ကျွန်ုပ်တို့ ပေးဆပ်နေရပါတယ်။ ဖျက်သင်္ဘော တစင်းအတွက်

ဆိုရင် လူပေါင်း ၈,၀၀၀ ကျော် နေထိုင်နိုင်တဲ့

အိမ်သစ်တွေနဲ့ လဲလှယ်နေရတာ ဖြစ်ပါတယ်။


ဒါဟာ ကမ္ဘာကြီး လျှောက်လှမ်းနေတဲ့

လမ်းကြောင်းပေါ်မှာ တွေ့ရမယ့်

အကောင်းဆုံး လူနေမှုပုံစံလို့ ကျွန်တော်

ထပ်လောင်း ပြောကြားလိုပါတယ်။

ဒါဟာ တကယ့် အနှစ်သာရအားဖြင့်

လူနေမှုဘဝ မဟုတ်ပါဘူး။

စစ်မီးရဲ့ ခြိမ်းခြောက်မှုအောက်မှာ လူသားမျိုးနွယ်ဟာ

သံတိုင်တွေနဲ့ လုပ်ထားတဲ့

လက်ဝါးကပ်တိုင်ပေါ်မှာ ချိတ်ဆွဲခံထားရသလိုပါပဲ။




Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်