မိန်းမပင်လယ်ဓါးပြဗိုလ် ပြန်ဆိုရေးသားသူ- တက္ကသိုလ် မောင်သက်ပန်


 


မိန်းမပင်လယ်ဓါးပြဗိုလ်
ပြန်ဆိုရေးသားသူ- တက္ကသိုလ် မောင်သက်ပန်

နဂါးနီဂျာနယ်
အတွဲ ၃၊ အမှတ် ၁၀
၁၉၊ ဇူလိုင်၊ ၁၉၄၁

လက်မြှောက်လိုက်။ ငြိမ်ငြိမ်နေ

ရန်စီမြစ်ရေအယဉ်တွင် ဖြေးညှင်းငြိမ်သက်စွာ ခုတ်မောင်းနေသည့် “ဒေါ်လာ”ခေါ်-အမေရိကံ သင်္ဘော ပေါ်တွင် လိုက်ပါလာသောတရုပ်ကူလီတစုသည်၊ လျှို့ဝှက်ယူလာသော လက်နက်များကို ရုတ်တရက် ထုတ်လျက်၊ သင်္ဘောပေါ်ရှိ ခရီးသည်များနှင့် သင်္ဘောအရာရှိများကို ချိန်ထားပြီးလျှင်၊ “လက်မြှောက်လိုက်-မြန်မြန်”ဟုအမိန့်ပေးလိုက်လေသည်။ ခရီးသည်များမှာ၊ အမှတ်တမဲ့ သူရဲခြောက်ခံရသကဲ့သို့ ကြောက်စရာ ပင်လယ် ထားပြတစုအား အကြောင်သား ကြည့်ပြီးလျှင်၊အံ့အားအသင့်ကြီးသင့်နေကြလေသည်။
တရုပ်ကုန်းပတ် ခရီးသည်များမှာ. ဗြုံးကနဲစိတ်ရူးများပေါက်သွားလေရော့သလား။ သင်္ဘောစထွက်စဉ်က သူတို့သည်၊ ငြိမ်ငြိမ် သက်သက် ဣန္ဒြေမပျက်လိုက်ပါလာကြသည်။ ထိုခရီးသည်များပင်လျှင် ရိုင်ဖယ်နှင့် ခြောက်လုံးပြူးများကို ကိုင်လျက်၊ကျန်ခရီးသည်များအား ချိမ်းချောက်နေသည့် ပင်လယ် ထားပြများဖြစ်နေလေသည်။ ပင်လယ်ထားပြများမှာ စုစုပေါင်း လူ ၁၀၀-ခန့်ရှိသည်။
ဤကားတရုပ်ပင်လယ်ထားပြများတည်း၊ ဧစက်စက် ခြောက်လုံးပြူး ပြောင်းဝကို လယ်ဂုတ်တွင် ထောက်လျက်၊သင်္ဘောဧည့်ခန်းမကြီး အတွင်းသို့ တစု တပေါင်းတည်း ဝင်ရန် တရုပ်သံပါသည့် အင်္ဂလိပ် စကားနှင့် ခပ်မာမာ အာဏာထုတ်နေခြင်းမှာ၊ အပျက် အပျက်နှင့်၊ ပြောင်ချော်ချော်ကစား နေခြင်း မဟုတ်ချေ။
တချိန်တည်းပင်၊ . သင်္ဘော”အခြားအပိုင်းများ၌လည်း၊ အနုကြမ်းစီးခြင်းများ၊ တခဏအတွင်း အလျှင်အမြန် ဖြစ်ပေါ်လျက် ရှိလေသည်။ သေနတ်လက်နက်များကို လွယ်အိတ်များအတွင်းတွင် အသေအချာဂရုတစိုက် လျှို့ ဝှက်ဆောင်ယူလျက် ရန်စီမြစ်တောင်ဘက်ရှိ သင်္ဘောဆိပ်မြို့ငယ်တခုမှ တက်ရောက်လာခဲ့သော တရုပ်လူမျိုး ခရီးသည် တစုသည်၊ အချက်ပေးလိုက်သည့်တခဏအတွင်းသုံးစုခွဲ၍သင်္ဘောပေါ်ရှိ အရေးအကြီးဆုံးသောဋ္ဌာနများကိုစီးနင်းလိုက်လေသည်။

ကျွမ်းကျင်ရာ လိမ္မာ

အစီးအနင်းမှာ၊အတိုင်းထက်အလွန် လျှင်မြန်လွန်းလှသည့်အတွက် ပြန်လှန်ခုခံ ရန်တုံ့မူခြင်း မပြုနိုင်ပေ။ သုံးစုထဲမှ မျက်နှာပေါက်ဆိုးဆိုးနှင့် ထားပြ တစုသည်၊ အသံဘမ်း၊ အသံလွှင့်စက်ထားရာ အခန်းသို့ အမြန်ဆုံး ပြေးသွားကြပြီးလျှင် ရေဒီယိုစက် ကိရိယာများကို ရိုက်ချိုး ဖျက်ဆီးလိုက်ကြသည်။ အခြားတစုမှာ၊ လက်နက်မဲ့သည့် သင်္ဘောသားများအားဝိုင်းဝန်းကြလေသည်။ကျန်တစုကား သင်္ဘော ကပ္ပတိန် မာလိန်မှူးအား၊ ရှန်ဟဲမြို့မှ ၁၂-မိုင်ကွာသည့်၊ 'ဘလောဟောက်(စ်)' ကျွန်းဆီသို့ ဦးလှည့်ခုတ်မောင်းရန် အမိန့်ပေးကြလေသည်။ အဆိုပါ ကျွန်းသို့ ရောက်မှ၊ တရုပ်တက်ခေတ် ပင်လယ်ထားပြများသည်၊ ပေါင် ၂၅၀၀-တန် အဘိုးတန် ပစ္စည်းနှင့် ငွေများကို ယူလျှက်၊ အဆင်သင့် စောင့်ဆိုင်းလျက်ရှိသော ကတ်တူများ ပေါ်သို့ တက်ပြီးလျှင် လွတ်ရာ လွတ်ကြောင်းသို့ ထွက်ပြေးကြလေသည်။
ယခု အချိန်အခါမျိုး၌၊ ရှန်ဟဲ ကဲ့သို့သော မြို့ကြီး၏ မျက်စိ အောက်တွင်ပင်၊ ဤကဲ့သို့ အထမြောက်အောင်မြင်စွာ ထားပြတိုက်ခိုက်နိုင်ခြင်းမှ၁ ယုံနိုင်ဘွယ်ရာပင် မရှိချေ။ အာရှတိုက်တွင် ရှေးပဝေသဏီ၊ အထက်ထက်ကပင်၊ပင်လယ် ထားပြများရှိခဲ့၏၊ ယခုလည်း ရှိဆဲဖြစ်၏။ထိုသူတို့ အများဆုံး ကျက်စားရာ ဌာနမှာ၊ တရုပ်ပြည်နှင့် မလေးကမ်းခြေ တလျှောက်ပင်ဖြစ်၏။ ရှေးထားပြ များမှာ ရှေးဆန်၏။ယခု ထားပြများမှာခေတ်မှီ၏။ ယခု ထားပြများသည်၊ ဣန္ဒြေရရနှင့် တွက်တွက် ဆဆ လုပ်တတ်ကြ၏။ သူတို့၏ အလုပ်မှာ အမြတ်ကို သွေးနှင့်လဲ၍ လုပ်ရသော အလုပ် ဖြစ်၏။
သူတို့၏ လက်ရွေးစဉ် အသောံအစားမှာ လဘက်ရည်ဖြစ်သည်။ သူတို့၏ ကတ်တူလှေကြီးများကို ကြက်သွေးရောင် ရွက်များဖြင့် လွှင့်ကြသည်။ သူတို့၏လက်စွဲတော် လက်နက်များမှာ၊ခေတ်မှီရိုင်ဖယ် နှင့် စက်သေနတ်များ ဖြစ်သည်။ သူတို့၏ အသားရောင်မှာ၊ အညို-သို့မဟုတ် အဝါဖြစ်သည်။

သားစဉ်မြေးဆက်

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀-အတွင်းတွင် အင်္ဂလိပ်-အမေရိကံ-တရုပ်နှင့် ဂျပန်ရေတပ် တို့၏ တပေါင်း တစည်း လုံ့လ ဥဿဟ ကြောင့်၊အာရှတိုက် ပင်လယ်ထားပြလုပ်ငန်းမှာ တိမ်မြုပ် ပပျောက်လျှက် ရှိခဲ့လေသည်။ သို့သော်လည်း ဟေနန်ကျွန်း နှင့် ဆူချောင်ကျွန်း အကြားရှိ၊ ရှည်လျားသော ပင်လယ် ကမ်းခြေနှင့် ထိုကမ်းခြေ တလျှောက်ရှိ သျှိုချောင်-မြောင်-ရေလက်ကြား ကလေးများမှာ ပင်လယ် ထားပြများ အတွက် ပုန်းလျှိုးရန် အထူး တလည် စီမံ ထား.သည့် နေရာများသဘွယ်ရှိနေလေသည်။ ဤပင်လယ် ကမ်းခြေ တလျှောက် နေထိုင်သူများအဘို့၌၊ ပင်လယ် ထားပြတိုက်ခြင်းမှာ၊ သားစဉ် မြေးဆက်၊ အထက်တန်းကျသော သက်မွေးဝမ်းကြောင်း တခုသဘွယ်ရှိနေလေသည်။ ယခင် နှစ်ပေါင်း ၁၀-နှစ်ခန့်က၊ ကန်တောင်၊ အမွိုင်၊ ဆွာတောင် နှင့် ဟောင်ကောင် တဝိုက်ထွင်၊ ပင်လယ်ထားပြလုပ်ငန်းကို ကုမ္ပဏီ သဘောနှင့်အကြီးအကျယ် တည်ထောင်လုပ်ကိုင်ကြလေသည်။
ထားပြတိုက်ခြင်းမှာ အထူးသောင်းကြမ်း လာခဲ့၍၊ အထက်ဘော်ပြပါ မြို့များတဝိုက်ရှိ ပင်လယ်ကမ်းခြေတွင်၊ ဥဒဟို ဝင်ထွက်သွားလာနေသော သင်္ဘောများသည်၊ ခိုင်လုံသော သံမဏိ အကာအရံများကို တပ်ဆင်ထားကြလေသည်၊စက်ခန်းများကို သေနတ်ကျည်ဆံခံ သံမဏိ အကာ များဖြင့်၊ ကာထားရလေသည်။ ရိုင်ဖယ်များ၊ ခြောက်လုံးပြူးများ၊ ဒါး များကို ထားပြ တိုက်သည့် အခါ၊ အလွယ်တကူ ခုခံ အသုံးပြုနိုင်စေရန် အဆင်သင့်စီမံ ထားရလေသည်။ အချို့ သင်္ဘော များသည်၊ လက်နက်ကိုင် အစောင့်စစ်ပုလိပ်များကိုတင်ဆောင်ယူကြလေသည်။ ဤကဲ့သို့သော စေ့စေ့စပ်စပ်အစီအမံများကြောင့်၊ ကပ္ပိတန် ဒဗလျူ-အိပ်ခ်ျ-စပတ်နှင့် အင်ဂျင်နီယာ ချုပ်ကြီးသည်၊ တရုပ်ပင်လယ် ထားပြများအား နှိမ်နင်းနိုင်ခဲ့ဘူးလေသည်။
သို့ဖြစ်ငြားသော်လည်း သင်္ဘောကုမ္ပဏီများ၏ဆုံးရှုံးခြင်းမှာ ကြီးလေးလွန်းလှသဖြင့် ပင်လယ်ထားပြများအား နိုင်အောင် နှိမ်နင်းနိုင်လျှင် သင်္ဘောပေါ်တွင် ပါသမျှကုန်ပစ္စည်း၏ စုစုပေါင်းတန်ဘိုးမှ ဆယ်ပုံတပုံကို သင်္ဘောသားများအား ပေးရန်မှာ ထုံးစံ တခု သဘွယ်ဖြစ်ခဲ့လေသည်။

ရက်စက်လှပါပေ့

ဤလူဆိုးမျိုးအား၊ အတင်းဒရကြမ်းခုခံ၍ သူတို့၏ လက်တွင်းသို့ ကျဆင်းရသောသူတို့၏ကံကြမ္မာမှာ၊ အထူးပင်ကြောက်မက်ဘွယ်ရာ ကောင်းတော့သည်။ ပိုက်ဆံ ချမ်း သာ ကြွယ်ဝသည့်အကျဉ်းသားများ-ခလုတ်မထိ ဆူးမငြိဘဲ ပြန်ရန် အတွက် တောင်းဆိုသည့်အခကြေးငွေ အလုံးအခဲကြီးကို ထောက်ပံနိုင်သည့် ဆွေမျိုးနှင့် မိတ်ဆွေများ ရှိသည့် အကျဉ်းသားများအဘို့မှာ၊ ကံကောင်းသည် ဟု ဆိုရချေမည်။ ဆွေမျိုးသားချင်း မိတ်ဆွေ သင်္ဂဟ ရှိသူများပင်လျှင် လွတ်လပ်ရေး ဝယ်ယူရန်အတွက်၊ ၎င်းတို့၌ ပါသော အသပြာ အလုံးကို အဆုံးခံရလေသည်။ ဤနည်းများနှင့် လွတ်လပ်ရေး မဝယ်နိုင်သူများ အဘို့တွင်မူ၊ နှိပ်စက်ကလူ အတတ်၌ တဘက်ကမ်း ခတ် တတ်မြောက်သည့် ထားပြများ လက်ထဲ၌ မသေမီစပ်ကြား ရက်သတ္တတပတ်ခန့်အတွင်းတွင်၊ အလွန့်အလွန်ဆိုးဝါး ကြောက်မက်ဖွယ် ကောင်းသည့် မရှုမလှ ဒုက္ခ ဝေဒနာများကို ခံစား နေရသည်မှာ နောက်ဆုံး အသက်ကုန်သည့်တိုင်အောင်ပင်ဖြစ်တော့သည်။ အကျဉ်းသား တဦးအား အဆိပ်မရှိသည့် မြွေရှင်တကောင်ကို အဓမ္မမျိုချခိုင်း၏။ ထိုမြွေ သည် ဝမ်းထဲတွင် သုံးလေးရက် ကြာသည့် တိုင်အောင် အသက် မကုန် သေးဘဲ ရှိနေ၍၊ အကျဉ်းသားသာလျှင်၊ နောက်ဆုံး အသက် ဆုံးရ၏။ ကျောက်ကြိတ် စက်ထဲသို့ ထည့်၍သေသည့် တိုင်အောင် ကြိတ်၏၊ ရဲရဲနီသံပူချောင်းများနှင့်ထိုး၏။ လွှကြီးများဖြင့် နှစ်ပိုင်း ဖြတ်၏။ဤနည်းများမှာ သူတို့၏ လက်ရွေးစဉ် နည်းများဖြစ်၏။

မိန်းမလူစွမ်းကောင်း

တရုပ်ပြည်တွင်၊ ထားပြတိုက်ရာ၌ အခါခပ်သိမ်းဆိုသလိုပင် ထမြောက် အောင်မြင်သည့် နာမည်ကြီး ပင်လယ်ထားပြများအချို့တွင်၊ မိန်းမများလည်း ပါဝင် လေသည်။ ၁၉၃၅-ခုအောဂုတ်လ ၂၅ရက်နေ့က တိုင်း ရာ(စ) ပင်လယ်အော်တွင်၊ အစောင့်ကျနေသည့် တရုပ်အမျိုးသား စစ်တပ်များသည်၊ နာမည် ဆိုးလှိုင်နေသည့် “တန်ချင်–ချီ အာ အို” ခေါ် တရုပ်မိန်းခလေးတဦးကို ဘမ်းဆီး ရမိလေသည်။ချီအာအိုမှာ ဗြိတိသျှ သင်္ဘော အမြောက်အများကို စီးနင်းတိုက်ခိုက်ခဲ့သည့် နာမည်ကြီး ထားပြဂိုဏ်း ခေါင်းဆောင်ဖြစ် လေသည်။
မိန်းမခေါင်းဆောင်၍ စီးနင်း တိုက်ခိုက်ခြင်း အထဲတွင် “အက် (စ) အက်(စ) တန် ချောင်း’’ ခေါ်သင်္ဘောမှာ တခုအပါအဝင်ဖြစ်၏။ ထိုသင်္ဘောသည်၊ အင်္ဂလိပ်နှင့်အမေရိကံလူမျိုး ကျောင်းသား ငယ်ကလေး၇၃ ယောက်ကို တင်ဆောင်လျက် ရှန်ဟဲမြို့မှ ထွက်ခွာလာခဲ့၏။ ကမ်းခွာသည့်အချိန်မှ ၉ နာရီ ကြာသောအခါ သင်္ဘောပေါ်ရှိ တရုပ် ခရီးသည် ၁၂ ယောက်သည်၊ ရုတ်ချည်း ပင်လယ်ထားပြများ ဖြစ်လာလျက်၊ ၎င်းတို့အား ခေါင်းဆောင်သောမိန်းမနှင့်အတူ. သင်္ဘောအရာရှိများအား စီးနင်း လွှမ်းမိုး လိုက်လေသည်။
သင်္ဘောကို သွားရိုး သွားစဉ် လမ်းကြောင်းမှ လှည့်လိုက်၏။ ထားပြများသည် ခေါင်းတိုင်ကို ဆေးနီ ဆေးဖြူများဖြင့် ပြင်၍ ချယ်သုတ်ပြီးလျှင်၊ နာမည်ကိုလည်း “တိုရာ မာရူး”ဟု ပြောင်းရေးလိုက်ပြီးမှ၊ ကျင်လည် ဖျပ်လတ်စွာပစ္စည်းများကို သိမ်းယူလေသည်။ ခရီးသည်အပေါင်းတို့မှာ၊ လက်နက်ကိုင် လူဆိုးများစောင့်ကြပ်သည့် သင်္ဘော ဧည့်ခန်းမကြီးထဲတွင် ချုပ်လှောင်ခြင်း ခံနေရလေ သည်။ခလေးအချို့သာ ကြောက်ရွံ့ တုန်လှုပ် ကြသည်။ တရုပ်ထားပြများသည် လူလား မြောက်သည့် သူများကိုသာ နှိပ်စက်ကလူ ပြုတတ်သော်လည်း၊ ခလေးများနှင့် တွေ့ဆုံသည့်အခါ ခလေးခင်တတ်သည့် တရုပ်စိတ်သဘောထားမှာ လုံးဝပျောက်ကွယ် မသွားခဲ့ပေ။ခလေးများအား ရက်စက်သော အမူအရာများမပြ- လိမ္မော်သီး သေတ္တာများကိုပင် ဖေါက်၍ ကျွေးမွေးလိုက်သေး၏။ တန်ချောင်းသည် ခရီးလမ်းဆုံးသို့ ရောက် ရမည့်အချိန်တွင်မရောက်သည့်အခါ ဗြိတိသျှ စစ်သင်္ဘောများကို အရှာအဖွေ လွှတ်ရ လေသည်။ လေးရက်မြောက်သော နေ့တွင် လေယဉ်ပျံ တစင်းသည် ပျောက်ဆုံးနေသော သင်္ဘောအား တွေ့မြင် သွားလေသည်။ခလေးများသည်လည်း ဝမ်းသာ ဝမ်းမြောက် ဟစ်အော်ကြသည်။ တရုပ်ထားပြများသည် သင်္ဘောပေါ်တွင်ပါသည့် လှေငယ်တစင်းကိုချယူလျက်စီးနင်း ထွက်ပြေးကြလေသည်။ သူတို့၏လက်ထဲတွင် ဘဏ်ငွေစက္ကူများ အမြောက်အများ ပါသွားလေသည်။ သင်္ဘောလည်း၊ ရှန်ဟဲမြို့သို့ကောင်းမွန်ချောမော စွာပြန်ရောက်သွားလေသည်။ 

Comments

Popular posts from this blog