လေယာဉ်ပေါ်က မှတ်တမ်း သမ္မတရဲ့ တိုက်ခိုက်မှုနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဟာသ

 

လေယာဉ်ပေါ်က မှတ်တမ်း

သမ္မတရဲ့ တိုက်ခိုက်မှုနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဟာသ


Reference to NY Times Story

By Motoko Rich

Motoko Rich is traveling on the papal plane with Leo XIV through four countries in Africa. (April 15, 2026)


ဗာတီကန်ကနေ အယ်လ်ဂျီးရီးယားကို ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ သတင်းထောက်၊  ကျွန်မ သိ ချင်တာ ကို မေးဘို့ စိတ်စောနေခဲ့ ပါတယ်။ အမေရိကန်သမ္မတက သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပုပ်ရဟန်းမင်းကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ထားတဲ့အပေါ် ပုပ်ရဟန်းမင်းကြီး  ဘယ်လိုတုံ့ပြန်မလဲဆိုတာကို  သိချင်နေတာပါ။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Leo XIV) ဟာ သတင်းထောက်တွေရှိရာ လေ ယာဦ အပိုင်း ကို ရောက်လာတဲ့အခါ ကျွန်မကပဲ အခွင့်အရေးကို အရယူပြီး မေးခွန်းထုတ်လိုက်ပါတယ်။ "အရှင်ဘုရား... Truth Social ပေါ်မှာ သမ္မတ ရေးထားတဲ့ မှတ်ချက်တွေအပေါ် အရှင်ဘုရားရဲ့ တုံ့ပြန်ချက်ကို ကျွန်မတို့ သိချင်နေကြပါတယ်" လို့ လျှောက်ထားလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ ဗာတီကန်ရဲ့ သတင်းပြန်ကြားရေးအရာရှိက ကြားဖြတ်ဝင်လာပြီး ပုပ်ရဟန်းမင်းကြီးကို ကျွန်မဘေးမှာ ထိုင်နေတဲ့ တခြားသတင်းထောက် တယောက်နဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားပြီး စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။ ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီး လီယို မှာတော့ ပြောစရာ စကားတခွန်း ကျန်နေသေးပုံရပါတယ်။

သူက ခဏလေး ရပ်လိုက်ပြီး မျက်မှန်နောက်ကနေ နောက်ပြောင်ချင်တဲ့ မျက်လုံးအစုံနဲ့ ကျွန်မကို ကြည့်လိုက်ပါတယ်။ ပြီးတော့ သူ့နှုတ်ခမ်းထောင့်မှာ အပြုံးလေးတခု ဆင်မြန်းရင်း အခုလို ပြောလိုက်ပါတယ်။

"အဲဒီ ဝက်ဘ်ဆိုက် (Web Site) ရဲ့ နာမည်ကိုယ်တိုင်ကကိုက 'သံဝေဂ' ရစရာ (Irony) ဖြစ်နေတာပဲ မဟုတ်လား... နောက်ထပ်တော့ ဘာမှ မပြောတော့ပါဘူး"

သူက အဲဒီလိုပဲ တိုတိုတုတ်တုတ်လေး ပြောပြီး ရပ်လိုက်ပါတယ်။ အမှန်တရား (Truth) လို့ အမည်ပေးထားတဲ့ နေရာမှာ အမှန်တရားနဲ့ ဝေးကွာနေတဲ့ စကားလုံးတွေ သုံးနေတာကို သူက ဟာသလေးနှောပြီး ထောက်ပြလိုက်တာပါ။

အဲဒီနောက်မှာတော့ သူက တခြားသတင်းထောက်တွေနဲ့ ဆက်ပြီး စကားပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ ပုပ်ရဟန်းမင်းကြီးကို ပထမဆုံးအကြိမ် မေးခွန်းမေးခွင့်ရတဲ့ အခိုက်အတန့်မှာ သူက ဒေါသတကြီးနဲ့ မဟုတ်ဘဲ၊ ထက်မြက်လှတဲ့ ဟာသဉာဏ်နဲ့ ပြန်လည်ဖြေကြားခဲ့တာကို အမြဲတမ်း အမှတ်ရနေတော့မှာပါ။


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

ဟော်မူးဇ်ပင်လယ်ကြား သင်္ဘောဖမ်းဆီးမှုနှင့် ပတ်သက်၍ အီရန်၏ ထုတ်ပြန်ချက်

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်