ရစ်ချက်ရဲ့ မျက်ဝန်းပြာများ ဆူဇန်နာ ဘီယန်ချီ

 



သူက ငါနဲ့ဆို အသက်ကြီးလွန်းပါတယ်လို့ ငါ့သူငယ်ချင်းတွေက ပြောခဲ့ကြတယ်
ရစ်ချက်ရဲ့ မျက်ဝန်းပြာများ
ကျွန်မ အသက်က ၃၀၊ သူကတော့ ၆၀ ကျော်နေပြီ။ ကျွန်မသူငယ်ချင်းတွေက သူဟာ ကျွန်မနဲ့ဆို အရမ်းကြီးလွန်းတယ်၊ ကျွန်မမှာ ဖခင်လိုလူမျိုးကိုမှ တွယ်တာတတ်တဲ့ စိတ်ရောဂါ (Father Complex) ရှိနေတာ၊ ဒီအချစ်ရေးက ကြာရှည်မှာမဟုတ်ဘူး၊ တကယ်လို့ ကြာရှည်ခဲ့ရင်တောင်မှ သဘာဝတရားကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ပြောခဲ့ကြတယ်။
ဒါပေမဲ့ Brooks Brothers တံဆိပ် စင်းချောကုတ်အင်္ကျီကို ဝတ်ထားပြီး လှိုင်းတွန့်ကေသာဖြူဖြူတွေနဲ့ မျက်ဝန်းပြာပိုင်ရှင် ရစ်ချက်ကို ကျွန်မ အလွန်အမင်း စွဲလန်းခဲ့ရပါတယ်။ နောက်တော့ သူက တခြားတယောက်အတွက်နဲ့ ကျွန်မကို ထားခဲ့တဲ့အခါ ကျွန်မ ရင်ကွဲမတတ် ခံစားခဲ့ရတယ်။
ဆယ်စုနှစ်များစွာ ကြာပြီးတဲ့နောက်... တနေ့မှာ စားသောက်ကုန်ဆိုင်လေးတခုထဲ ကျွန်မအဝင်၊ ဘီးတပ်ကုလားထိုင်နဲ့ အဘိုးအိုတယောက် လွတ်ကျသွားတဲ့ လက်အိတ်လေးကို ကောက်ပေးမိတယ်။ အဲ့ဒီအချိန်မှာပဲ ဟိုးအရင်က မျက်ဝန်းပြာတွေနဲ့ ကျွန်မ ပြန်ဆုံခဲ့ရပြန်တယ်။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက... အဲ့ဒီမျက်ဝန်းတွေက ကျွန်မကို မမှတ်မိတော့ဘူး။
— ဆူဇန်နာ ဘီယန်ချီ

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်