လှဥမ္မာ Audiofile



 "လှဥမ္မာ"

(ရှုမဝမဂ္ဂဇင်း ၁၉၆၃ခုနှစ် မေလ)
စာရေးသူ - ဗန်းမော်တင်အောင်
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၁ နာရီ ၅၂ မိနစ်
*ဇာတ်လမ်းအကျဥ်း* “လှဥမ္မာ” ဝတ္ထုတိုသည် ငွေကြေးချမ်းသာသည့် လူမျိုးခြား အဘိုးကြီးတစ်ဦး၏ မယားငယ်အဖြစ် ခံယူကာ ပစ္စည်းဥစ္စာဂုဏ်မောဟများကြားတွင် သာယာနေသည့် လှခင်ခင် (ခေါ်) လှဥမ္မာ၏ ဘဝကို သရုပ်ဖော်ထားခြင်းဖြစ်သည် ။ သူမသည် မိမိ၏ လှပတောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်ကို မှန်ထဲတွင် ကြည့်ကာ ဂုဏ်ယူကျေနပ်နေတတ်သော်လည်း ၊ အပြင်လောကတွင်မူ လူမျိုးခြား၏ မယားငယ်အဖြစ် ပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုံ့ချမှုနှင့် နှိမ်ချဆက်ဆံမှုများကို ခံစားရသောအခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ပြင်းထန်စွာ ခံစားရလေသည် ။ အထူးသဖြင့် ရုပ်ရှင်ရုံတွင် ပတ်ဝန်းကျင်၏ အကြည့်များနှင့် ဝေဖန်သံများကို မခံမရပ်နိုင်ဖြစ်ကာ သတိလစ်လဲကျသွားခဲ့ရပြီး ၊ နောက်ပိုင်းတွင် သူမ၏ လှပသောရုပ်ရည်သည်လည်း စိတ်သောကများကြောင့် တဖြည်းဖြည်း နွမ်းနယ်ကျဆင်းလာကာ မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့လာသည့်အထိ ဖြစ်ပျက်သွားပုံကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည် ။

Comments