မုဆိုးမပုံပြင်" (အစအဆုံး) Audiofile
မုဆိုးမပုံပြင်" (အစအဆုံး)
စာရေးသူ - ခင်နှင်းယု
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၅ နာရီ ၁၅ မိနစ်
*ဇာတ်လမ်းအကျဥ်း*
ဆရာမကြီး ခင်နှင်းယု၏ "မုဆိုးမပုံပြင်" သည် မုဆိုးမများအပေါ် လူမှုပတ်ဝန်းကျင်၏ အမြင်ကျဉ်းမြောင်းမှုနှင့် နှိမ့်ချဆက်ဆံမှုများကို တုံ့ပြန်ထားသည့် စာပေလက်ရာတစ်ခု ဖြစ်သည် ။ စာရေးသူသည် ရှေးဟောင်းတရုတ်ပုံပြင်တစ်ခုကို အခြေခံကာ မုဆိုးမများကို "လင်လိုချင်လွန်းသူများ" အဖြစ် ပုံဖော်နှိမ့်ချတတ်သည့် အစဉ်အလာများကို ထောက်ပြထားပြီး ၊ မိမိကိုယ်တိုင်လည်း အသက် ၄၅ နှစ်အရွယ်တွင် ခင်ပွန်းကွယ်လွန်၍ မုဆိုးမဘဝသို့ ရောက်ရှိခဲ့ရသူဖြစ်ရာ ဘဝတူအမျိုးသမီးများ၏ ခံစားချက်ကို ကိုယ်ချင်းစာနာစွာဖြင့် ရေးသားခဲ့ခြင်းဖြစ်သည် ။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မုဆိုးမများသည် အစဉ်အလာအရ ဖိစီးနှိပ်စက်ခံရမှု မရှိသော်လည်း ၊ မုဆိုးမဆိုသည်မှာလည်း အခြားအမျိုးသမီးများကဲ့သို့ပင် နှလုံးသား၊ အသွေးအသားရှိသူများသာဖြစ်ကြောင်းနှင့် ၎င်းတို့သည်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်အရည်အချင်းများဖြင့် ဘဝကို ရုန်းကန်တည်ဆောက်နိုင်သူများဖြစ်ကြောင်းကို မမဒေါ်မေကြည်ကဲ့သို့သော ဇာတ်ကောင်များမှတစ်ဆင့် ပုံဖော်တင်ပြထားပါသည်။
Comments
Post a Comment