မဒ္ဒီလိုလို သမ္ဘူလိုလို (Audiofile)

 


မဒ္ဒီလိုလို သမ္ဘူလိုလို

"မဒ္ဒီလိုလို သမ္ဘူလိုလို" (အစအဆုံး/repost) စာရေးသူ - ခင်နှင်းယု စာဖတ်သူ - မေနှင်းစက် ကြာချိန် - ၅ နာရီ ၂၄ မိနစ် စာမြည်း ပင်လယ်၏ လှိုင်းလုံးကြီးများသည် အဝေးမှ ကြီးမားသော အရှိန်ဖြင့်ပြေးဝင်လာကြပါသော်လည်း သန္တာကျောက်တန်း ကြီးများကို တွေ့သောအခါပျော့ညံ့သွားသည်။ သန္တာကျောက် တန်းအတွင်းဘက်သို့ ဖြည်းညင်းစွာတအိအိဖြင့် ဝင်ရောက်လာ ၍၊ ယဉ်ကျေးသော … ငွေထီးတော်မိုးအဆောင်ကိုင်လို သဲပြင်ကို ရို့ညွတ်စွာ ထိတွေ့လာကြသည်။ဤသန္တာကျောက်တန်းကြီးများသည် မောင်းမကန် ကမ်းခြေ တိုကာလရှည်လျားစွာ ကာကွယ်ခဲ့ပါသောကြောင့် မောင်း မကန် တမ်းခြေ၏အလှဘွဲ့ ကောင်းခြင်း ဂုဏ်တို့တွင် သန္တာကျောက်တန်းများသည် တစ်ခန်းပါဝင်ခဲ့ကြပေသည်။ အဝေးရှိ ပင်လယ်ပြင်သည် ကောင်းကင်၏ အပြာရောင်နှင့် ပုလဲရောင်ရောစပ်ကာ နေရောင်အောက်တွင် တဖျတ်ဖျတ် တောက်ပနေလေသည်။သာယာသောရာသီဥတုတွင်ပင်လယ်တေးကို သီဆို၍လှိုင်း ယက်ငယ်များ၏ညင်သာစွာ လှုပ်ရှားကခုန်ဟန်သည် အဏ္ဏဝါ နန်းတွင်း တမူဟန်လိုညွတ်ပျောင်းငြိမ့်ညောင်းလှသည်။သူတို့ချစ်သော ဧကရီကို အဏ္ဏဝါကဟန်ဖြင့် ဖြေဖျော်လျက် ရှိသည်ဟုကိုဖေသက်က ထင်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဘေးတွင်ယှဉ်၍ရပ်နေပါသော မိန်းမငယ်ကို ဤကမ်းခြေ၏ ဧကရီဟု သူက ထင်သောကြောင့်ဖြစ်သည်။ သူတို့ရောက်နေ သော အချိန်မှာ ပင်လယ်စခန်းပျော်တို့အနားယူချိန် အပန်းဖြေချိန်ထက် အတန်ငယ် စောနေသေး၍လူရှင်းလျက်ရှိသည်။သူတို့တတော့အလုပ်ခွင်သို့ မဝင်ခင်ကိုယ်ပိုင်တည်းခိုအိမ်သို့ လာရောက်ကာလည်ပတ်ကြခြင်းဖြစ်၏။

Comments

Popular posts from this blog