AI နည်းပညာတွေ ပေါ်လာတဲ့အခါ ဘာတွေလုပ်လို့ရတယ်၊ ဘယ်လိုအသုံးချလို့ရတယ်ဆိုတဲ့
အသိပေးဗီဒီယိုတွေ အများကြီးတွေ့လာရပါတယ်။ ကျနော့်ဆီကိုလည်း မိတ်ဆွေတွေက
အမြဲလိုလို လာပြတတ်ကြပါတယ်။ တကယ်တော့ အခု AI နဲ့ လုပ်လို့ရတာတွေဟာ
အရင်ကတည်းက တခြားနည်းလမ်းတွေနဲ့ လုပ်ဆောင်နေကြတာတွေပါပဲ။
ဒါပေမဲ့ AI က လူသားတယောက်လို စဉ်းစားတွေးခေါ်ပြီး ဖြစ်နိုင်ခြေတွေထဲက
အကောင်းဆုံးကို ဆုံးဖြတ်ကာ ချက်ချင်းလက်ငင်း တုံ့ပြန်ပြောဆိုလာနိုင်တဲ့အခါ မေးခွန်းတခု ပေါ်လာပါတယ်
- “ကောင်းပါပြီ... ဒါတွေလုပ်နိုင်ပြီဆိုတော့ ဒါတွေကိုအသုံးချပြီး ကျနော်တို့ ဘာတွေဆက်လုပ်ကြမလဲ။
အခုလက်ရှိ အခြေအနေမှာရော ဘာတွေစလုပ်လို့ရမလဲ။”
ဘာသာပြန်စာပေနှင့် စိန်ခေါ်မှုများ
စာရေးဆရာကြီး တယောက် က ပြောပါတယ်။ ကျနော်တို့ အလိမ္မာ စာမှာရှိ ဆိုတော့ ကျနော် တို့ မြန်မာစာ မှာ ပြည်သူ အများစု အတွက် ရေးခဲ့ တဲ့ အလိမ္မာ စာ က ဗုဒ္ဓ တရား က လွဲ လို့ ကျယ် ကျယ် ပြန့် ပြန့် မရှိ ခဲ့ ဘူး ၊ ဒါကြောင့် ဘာသာပြန် စာတွေ ကို တတ် နိုင် သလောက် မြန်မာ လို မြန် မြန် ပြန် ပြီး လူထု ထဲ ကို ဖြန့်ပေးသင့်တယ်လို့ ပြောပါတယ်။
စာရေးဆရာ အများစုကလဲ သဘောတူပုံ ရပါတယ်။ ဘာသာပြန်စာအုပ်တွေ အများ ကြီး ထွက်လာပါတယ်။
ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဘာသာပြန်စာအုပ်တွေ ထုတ်ဝေတဲ့အခါ မူပိုင်ခွင့် (Copyright) ဆိုင်ရာ
ကိစ္စရပ်တွေ ပိုမိုတင်းကျပ်လာတာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ AI နည်းပညာကို
အသုံးချပြီး ကိုယ်ဖတ်ချင်တဲ့ ဘာသာပြန်စာပေတွေကို ဖတ်ရှုလို့ရမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
AI အသုံးပြု၍ ဘာသာပြန်ဆိုနည်းလမ်းများ
ပထမဆုံးအနေနဲ့ ဖတ်ချင်တဲ့စာအုပ်ကို E-book (သို့မဟုတ်) PDF ဖိုင်အဖြစ် ရှိထားဖို့ လိုပါတယ်။
အဆင်ပြေစေရန် အခန်းတခန်းချင်းစီ PDF ခွဲထားခြင်း သို့မဟုတ် JPG ပုံဖိုင်အဖြစ် ပြောင်းလဲထားခြင်းက
ပိုမိုကိုင်တွယ်ရလွယ်ကူစေပါတယ်။
စာသားအတိုင်း တကြောင်းချင်းပြန်ဆိုရန်: Gemini AI ထဲသို့ PDF/Image
ထည့်သွင်းပြီး “Please extract text and translate to Burmese” ဟု အမိန့်ပေးနိုင်ပါသည်။အနှစ်ချုပ် ဖတ်ရှုရန်: “Please extract text, translate to Burmese, summarize it,
and produce a list of important facts” ဟု ရေးသားနိုင်ပါသည်။
ဗီဒီယိုများ ဘာသာပြန်ရန်: နားမလည်သော ဘာသာစကားဖြင့် ဗီဒီယိုများကို
Gemini ထဲ ထည့်သွင်းရုံဖြင့် မြန်မာလို အောင်မြင်စွာ ပြန်ဆိုပေးနိုင်ပါသည်။
နိဂုံး
အခုဆိုရင် အသိပညာ ဗဟုသုတတွေက ကျနော်တို့ရဲ့ လက်တကမ်းမှာတင် ရှိနေပါပြီ။
ဘာသာပြန်ခြင်းအကြောင်းကို ဆရာကြီး ပီမိုးနင်းက အရင်ကတည်းက တိုက်တွန်းခဲ့သလို၊
အခုခေတ် AI နည်းပညာကို အကျိုးရှိရှိ အသုံးချပြီး ဗဟုသုတများ တိုးပွားကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။
ဘာသာပြန် အကြောင်း ပြောခဲ့တာ ဆရာကြီး ပီမိုးနင်း ထင်ပါတယ်။ ကျနော့် ကို သူ့ ရဲ့ စာ တကြောင်း က ဒီ အကြောင်းလေး ရေးဘို့ တိုက် တွန်းနေတာ တလကျော်ပါပြီ။ မနေ့ က ဆရာ တင့်ဝေ နဲ့ Doctor Tint Swe တို့ပြောတာတွ့ လို့ ကျနော် လဲ ဝင်ရော တာပါ။
Admin
LH
Comments
Post a Comment