ဂါးဒီးယန်း ဦးစိန်ဝင်း  ရေးသော အကွဲအပြဲ 

အစ အဆုံး link မှာ ဝင်ဖတ်လို့ရပါတယ်


ဤပုံပါ မြန်မာစာသားများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။


အကွဲအပြဲဇာတ်လမ်း

ဂါးဒီးယန်း ဦးစိန်ဝင်း

THE SPLIT STORY

by Guardian U Sein Win

စာရေးသူ၏အမှာ

လွန်ခဲ့သောနှစ်အတိုင်း ဖြစ်ပေါ်ခဲ့သော အရေးအခင်း (ရှစ်လေးလုံး လူထုအုံကြွမှု) ကြောင့် မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ) အပါအဝင် အစိုးရ ပြုတ်ကျ သွားပြီးနောက် မိတ်ဆွေ အချို့က အကွဲအပြဲ ဇာတ်လမ်း စာအုပ်သစ် ရေးရန် ကျွန်တော့်အား တိုက်တွန်းကြပါသည်။

၁၉၅၈ ခုနှစ်က ရေးခဲ့သော ပထပလ (ဖက်ဆစ် ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ကြီး၏ အကွဲအပြဲ ဇာတ်လမ်းမှာ အာဏာရ ပထပလ အဖွဲ့ချုပ်ကြီး ကွဲပြားမှု၊ အဖွဲ့သားများနှင့် သက်ဆိုင်သော ပြောင်းလဲမှုကြီးတရပ် ဖြစ်ပေါ်လာကာ အဖွဲ့ချုပ်ကြီးနှင့်တကွ ၎င်း၏ အစိုးရ ချုပ်ငြိမ်းခဲ့ရသော အကြောင်း ဖြစ်ပါသည်။

၁၉၆၂ ခုနှစ်၊ ဒုတိယအကြိမ် ထိန်းသိမ်းခံခဲ့ရပြီး ထောင်က ထွက်လာသောအခါ လွတ်လပ်ရေးရချိန်မှ လက်ရှိ အချိန်ထိ နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြောင်းလဲမှုများကို ဆွေးနွေး စိတ်ကူး ရှိခဲ့ပါသည်။ သုံးနှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီး လွတ်မြောက်လာသောအခါ၌ ကျွန်တော့်အား အစိုးရက အချိန်မပြည့် ထောက်လှမ်းစောင့်ကြည့်နေသည်ကို သိရ၍ စာအုပ် ရေးရန်ဝေးစွ၊ အဖြစ်ပျက်မှန် မှတ်တမ်းမှတ်ရာများပင် မထားခဲ့ဝံ့ပါ။ အချိန်မရွေး ကျွန်တော့်အိမ်ကို ရှာမည့် အခြေနေတွင် ရှိနေခဲ့ပါသည်။

ထိုကဲ့သို့ပင် နှစ်ပေါင်း ၂၀ ကျော် လွတ်လပ်စွာ ရေးသားခွင့် ချုပ်ချယ်မှု အောက်တွင် ဆက်လက် နေခဲ့ရ၍ စာအုပ် ရေးရန် လက်လျှော့ခဲ့ရပါသည်။ ယခု လွတ်လပ်စွာ ရေးသားမှု အခြေအနေ အနည်းငယ် ကောင်းလာချိန်၌မူ ကျွန်တော့်မှာ စုဆောင်းပြီး မှတ်စုမှတ်ရာများ ဘာမျှ မရှိတော့ပါ။

လက်ရှိ နိုင်ငံရေး မတည်မငြိမ် မရေမရာ ရှုပ်ထွေးနေခြင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အချိန်က အခြေအနေနှင့် ထပ်တူထပ်မျှ တူနေသည်ဟု မဆိုသာသော်လည်း တော်တော်ဆင်ဆင်တူ နေ၍ စာအုပ်သစ် မရေးသားနိုင်မီ နှစ်ပေါင်း ၃၀ က စာအုပ်ဟောင်းကို လေ့လာစေအပ် ပြန်လည် ထုတ်ဝေလျှင် သင့်တော်မည် ထင်၍ အကွဲအပြဲ ဇာတ်လမ်းကို မူလ ရေးသားခဲ့သော အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာဖြင့် ဒုတိယအကြိမ် ထုတ်ဝေရန် စီစဉ်လိုက်ပါသည်။

စိန်ဝင်း

၁၉၈၉ ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်

Comments

Popular posts from this blog