မောင်ခွေးဘို့ ကဗျာများ မင်းသုဝဏ်
မောင်ခွေးဘို့ ကဗျာများ မင်းသုဝဏ်
မောင်ခွေးဘို့ ကဗျာများ မင်းသုဝဏ်
တူကလေး နှင့် တူမကလေးတို့သို့
အမှာစကား
မောင်ခွေးဘို့ ကဗျာများ မင်းသုဝဏ်
စာအုပ်ကို ပုံ ကို နှိပ် ၍ ဝင်ဖတ် နိုင် ပါတယ်
ပုံကိုနှိပ်လိုက်ရင် link ထဲရောက်ပြီး၊အပြာရောင်စာအုပ်ခေါင်းစဉ်ကိုနှိပ်လိုက်ရင် ဖတ်လို့ရပါပြီ။
တူကလေး နှင့် တူမကလေးတို့သို့
အမှာစကား
မနက်စောစော ချိုးငှက်ကလေး ကူတာကို ကြားဘူးကြတယ် မဟုတ်လား။ မနက်ချိန်က နုနုပျိုပျို၊ ချိုးကူသံက သာသာယာယာ၊ ပျော်စရာမကောင်းဘူးလား။ ငါ့တို့တူ ငါ့တူမတို့အရွယ်ဟာ မနက်ချိန်လို နုနုပျိုပျိုဘဲ။ ငါ့တို့တူငါ့တို့တူမတို့ အသံဟာလဲ ချိုးကူသံလို သာသာယာယာဘဲ။ သည်တော့ မနက်ခင်း ချိုးကလေးကူ သလို ကလေးတို့ကော တေးမဆိုချင်ကြဘူးလား။ ဆိုချင်ကြတယ်နော်။ အဲဒါကြောင့် ဦးလေးက ငါ့တူ ငါ့တူမ တို့ဘို့ သီချင်းတွေကိုရေးတာဘဲ။ ဦးလေးရဲ့ သီချင်းတွေကို တွေ့တော့ "ကေ" ဆိုတဲ့ ဦးကြီးတယောက်က သီချင်းသံကလေးတွေ သွင်းပေးတယ်။ အသံလက္ခဏာ တွေနဲ့ ရေးပေးတယ်။ တခါ ကလေးတွေကို အင်မတန်ချစ်တတ်တဲ့ "ပါပါကြီး" ဆိုတဲ့ ဖိုးဖိုးတယောက်ကလဲ "ကေ" နဲ့အတူတူ သီချင်းတွေကို အင်္ဂလိပ်လိုပြန်ရေးပေးတယ်။ နောက်ပြီးတော့ ကွယ်လွန်သူ ဦးဘဉာဏ်ဆိုတဲ့ ပန်းချီပညာကျော်ကြီးကလဲ အရုပ်တွေရေးပေးတယ်။ သူတို့တတွေက ဝိုင်းဝန်းကူညီကြလို့ ဦးလေးရဲ့ သီချင်းတွေဟာ အခုလောက် မြိုင်လာတာဘဲ။ သူတို့ရဲ့ စေတနာနဲ့ ဦးလေးရဲ့ စေတနာကို ရောမွှေပြီးဖြစ်လာတဲ့ တေးကဗျာတွေကို ကလေးတို့ဘို့ ထုတ်ဝေလိုက်ပြီ။ သီကြတော့၊ ဆိုကြတော့။ အပြစ်ကင်းစွာနှင့် ပျော်ကြတော့။ မနက်ခင်းကလေး သာယာနုပျိုပါစေသတည်း။
နံနက်ရိပ်သာ - တက္ကသိုလ်၊
၁၃၁၃-ခု၊ ဝါတွင်းချိန်။
မင်းသုဝဏ်
Comments
Post a Comment